Connect with us

Videos

3D နည်းပညာသုံးကျောရိုးတပ်လူနာ လမ်းပြန်လျှောက်နိုင်

ပေကျင်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် 3D ပုံရိပ်နည်းပညာဖြင့် ထုတ်လုပ်ထားသောကျောရိုးအား ထည့် သွင်း ကုသခံသူ ကင်ဆာဝေဒနာရှင်သည် ယခုအခါတွင် လမ်းကောင်းမွန်စွာလျှောက်နိုင်ပြီး ပေကျင်း ဆေးရုံမှမကြာမီ ဆင်းနိုင်တော့မည်ဖြစ်သည်။ ပုံမှန် အတိုင်း ကုသသည့် နည်းပညာဖြင့် လူနာအား ပျောက်ကင်းအောင် ကုသ နိုင်ဖွယ် မသေချာသောကြောင့် ကင်ဆာဖြစ်ပွားနေသည့် ကျောရိုးအပိုင်း ၅ ပိုင်းကို ၁၉ စင်တီမီတာ ရှည်သည့် 3D နည်းပညာ သုံးကျောရိုးတုကို တပ်ဆင်ခဲ့ပြီး အရှည်ကြာဆုံး 3D အစားထိုးကျောရိုး ခွဲစိတ်ကုသမှု အဖြစ် တရုတ်နိုင်ငံရှိ ဆရာဝန်များက အောင်မြင်စွာ အစားထိုး ခွဲစိတ်နိုင်ခဲ့သည်။
ပေကျင်းတက္ကသိုလ်မှ ဆရာဝန်များသည် တိုင်တေနီယမ်ဖြင့်ပြုလုပ်ထားသည့် ကျောရိုးတုကို လူနာ၏ နောက်ကျောမကြီးနေရာတွင် အစားထိုးတပ်ဆင်ခဲ့ ပြီး ကင်ဆာဖြစ်ပွားနေသည့် ကျောရိုးနေရာ ၅ နေရာကို ဖယ်ရှားပစ်ခဲ့သည်။ လူနာမှာ ခွဲစိတ်မှုအပြီး ၂ ပါတ်အကြာတွင် လမ်းပြန်လည်လျှောက်နိုင်နေပြီဖြစ်သည်။ အကယ်၍ ထိုသို့ခွဲစိတ်မှုမပြုခဲ့ပါက လူနာသည် တစ်သက်လုံး သွက်ချာပါဒ ဝေဒနာကို ခံစားသွားရ တော့မည်ဟုဆရာဝန်များကဆိုသည်။
လွတ်နေသည့် ကျောရိုးနေရာတွင် တိုင်တေနီယမ် အစားထိုး ကျောရိုးတပ်ဆင်ခြင်းကလည်း ဆိုးကျိုး ကြီးမားစွာ ရှိနိုင် သည်။ တိုင်တေနီယမ် ကျောရိုးသည် အခေါင်းပေါက်အဖြစ်ရှိနေမည်ဖြစ်ပြီးလူ့ ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် ကွဲလွဲမှုရှိ ပြီး အချိန်ကြာလာပါ က တိုင်တေနီယမ် ကျောရိုးတုမှာ ပြုတ်ထွက်နိုင်သည်။ ထို့ကြောင့် ဆရာဝန်များ က 3D ပုံရိပ်ထုတ်နည်းပညာ ဖြင့် ပေါင်းစပ်ပြီး မူလ အရိုးပုံစံအတိုင်း ပုံစံရော အရွယ်အစားပါ ဆင်တူ ထုတ်လုပ် ပေးနိုင်ခဲ့သည်။ အစားထိုးခြင်းတွင် နေရာ အနည်းငယ် လစ်ဟာ နိုင်သော်လည်း ထိုကျောရိုးတုမှာ ပုံမှန် အရိုးများ ကြီးထွားလာမှုကို ကူညီပေးနိုင်သဖြင့် အရိုးများတစ်ခုနှင့်တစ်ခု ဆက်သွားမည်ဖြစ်သည်ဟု ဆရာဝန်များကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.