Politics, Law & Military
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် လာအို နိုင်ငံသို့ထွက်ခွာ
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် (၂၈) ကြိမ်မြောက်နှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် ထိပ်သီး အစည်းအဝေးများ တက်ရောက်ရန် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်း မြို့သို့ အထူးလေယာဉ်ဖြင့် ယနေ့ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။
၂၈ ကြိမ် နှင့် ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ် ထိပ်သီး အစည်းအဝေး များအား စက်တင်ဘာ ၆ ရက်မှ ၈ ရက် အထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်းစင်တာ (NCC)၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ယခု ကျင်းပ ပြုလုပ်မည့် (၂၈) ကြိမ်မြောက် နှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး များနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများအပြီး တွင် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား လာအိုနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)