Politics, Law & Military
ကိုးရီးယားကျွန်းဆွယ်အရေးနှင့်ပတ်သက်၍ တရုတ် နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးဖုန်းဆက်ဆွေးနွေးခဲ့
ပေကျင်း ၊ စက်တင်ဘာဘ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ကိုးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Yun Byung-se တို့သည် ကိုးရီးယားကျွန်းဆွယ်အရေး နှင့်ပတ်သက်၍ စက်တင်ဘာလ ၁၃ ရက် က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မကြာသေးမီက မြောက်ကိုးရီးယားနိုင်ငံ(DPRK)၏ နျူကလီးယားဗုံး ဖောက်ခွဲစမ်းသပ်မှုအား ဆန့်ကျင်ကြောင်းကို တရုတ်နိုင်ငံက ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
အဆိုပါ မြောက်ကိုးရီးယားနိုင်ငံ၏ နျူကလီးယားဗုံးစမ်းသပ်မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း တရုတ်နိုင်ငံက တုံ့ပြန်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာနိုင်ငံအားလုံးအနေဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် အတင်းမာဆုံးအခြေအနေကို ရှေ့ဆက် ရှောင်ရှားကြရန် နှင့် အကန့်အသတ်ဖြင့်လုပ်ဆောင်သွားကြရန် ဝန်ရိက တိုက်တွန်းပြောကြားခဲ့သည်။
ကိုးရီးယားကျွန်းဆွယ်၏ နျူကလီးယားအရေးကိစ္စ အပေါ် ဖြေရှင်းရန်မှာ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံအားလုံးသည် ဆွေးနွေးပွဲစကားဝိုင်းသို့ပြန်လာရန် အမှန်တကယ်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင်တစ်ဆက်တည်းအနေဖြင့် တောင်ကိုးရီးယားနိုင်ငံ၌ အမေရိကန်နိုင်ငံက ဒုံးခွင်းဒုံးစနစ် ( THAAD) တပ်ဆင်ပေးခြင်းကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း နှင့် တောင်ကိုရီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကို လေးစားရန် နှင့် ဆုံးဖြတ်ချက် မှန်ကန်စွာ ပြုမူသင့်ကြောင်း ဝန်ရိက တိုက်တွန်းပြောကြားခဲ့သည်။(Xinhua)