Connect with us

Politics, Law & Military

G20 ထိပ်သီး အစည်းအဝေးနှင့် တွဲလျက် အိုဘားမားနှင့် ပူတင်တို့ တွေ့ဆုံကာ ဆီးရီးယား၊ ယူကရိန်း အရေး ဆွေးနွေး

ရုရှား သမ္မတ ဗလာဒီမာ ပူတင် (ဝဲ) နှင့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား (ယာ) တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟန်ကျိုး၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားနှင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့သည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ၁၁ ကြိမ်မြောက် G20 ထိပ်သီး အစည်းအဝေး ကျင်းပနေစဉ်အတွင်း စက်တင်ဘာလ ၅ ရက်က သီးသန့်တွေ့ဆုံက ဆီးရီးယားနှင့် ယူကရိန်း အရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံ သမ္မတများသည် တစ်နာရီကျော်ကြာ တွေ့ဆုံကာ ဆီးရီးယားနှင့် ယူကရိန်း အရေးကိစ္စများအား ရေရှည် စီမံကိန်း ရေးဆွဲခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အား ကိုးကား၍ ရုရှား မီဒီယာက ဖော်ပြသည်။
ဆီးရီးယား ပဋိပက္ခအပေါ် သဘောတူညီမှု တစ်ခုရရှိရန် အမေရိကန်နှင့် ရုရှားတို့က ကြိုးစားလျက်ရှိကြောင်း၊ နှစ်နိုင်ငံ အနေဖြင့် စိုးရိမ်ဖွယ် သဘောထား ကွဲလွဲမှုများ ရှိနေဆဲ ဖြစ်သော်လည်း အချို့သော တိုးတက်မှု လုပ်ဆောင်ရန် အလားအလာရှိနေဆဲ ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်က အိုဘားမားက ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်တို့လည်း ဟန်ကျိုးမြို့တွင် စက်တင်ဘာလ ၄ ရက်က တွေ့ဆုံခဲ့သည်။ ဆီးရီးယား အရေး ဆွေးနွေးခဲ့ပြီး စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းကလည်း ဆွေးနွေးညှိနှိုင်းမှုသစ် ထပ်မံ ပြုလုပ်ခဲ့သော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း အမေရိကန် သတင်း မီဒီယာ၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.