Connect with us

Politics, Law & Military

တရုတ်ဝန်ကြီးချုပ် ကုလအထွေထွေညီလာခံ တက်ရောက်ပြီးနောက် ကနေဒါ နှင့် ကျူးဘား သို့သွားမည်

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်သည် ၇၁ကြိမ်မြောက် ကုလသမဂ အထွေထွေညီလာခံ သို့တက်ရောက်မည်ဖြစ်ကြောင်း ၊ ညီလာခံပြီးပါက ကနေဒါနိုင်ငံ နှင့် ကျူးဘားနိုင်ငံများသို့ အလည်အပတ်ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က စက်တင်ဘာ ၁၄ ရက် တွင်ပြောကြားခဲ့ခြင်း ဖြစ်ပြီး လီ၏ ခရီးစဉ်သည် စက်တင်ဘာ ၁၈ မှ ၂၈ ရက်အထိကြာမြင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီ အား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Justin Trudeau ၊ ကျူးဘားနိုင်ငံတော်ကောင်စီ နှင့် ဝန်ကြီးများကောင်စီ ဥက္ကဋ္ဌ Raul Castro Ruz တို့က အသီးသီးဖိတ်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.