Videos
ကမ္ဘာ့အကြီးဆုံး သင်္ဘောမ ကရိန်း (Shiplift) အား ပထမဆုံးအသုံးပြု
ဟူပေ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာ မှ ကမ္ဘာ့အကြီးဆုံး သင်္ဘောမကရိန်းကြီးအား စက်တင်ဘာလ ၁၈ ရက်နေ့က စတင်အသုံးပြုခဲ့ကြောင်းသိရသည်။ မြစ်ကျဉ်းသုံးသွယ်ရေကာတာ စီမံကိန်း ၂၂ နှစ်ပြည့်ခြင်းအထိမ်းအမှတ်အဖြစ် ယခုကဲ့သို့စမ်းသပ်ခြင်းဖြစ်သည်။
အဆိုပါ သင်္ဘောကြီးအားမတင်နိုင်မည့် ကရိန်းကို တရုတ်နှင့်ဂျာမနီနိုင်ငံသားပညာရှင်များက ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အကောင်းမွန်ဆုံးဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် မြစ်ကျဉ်းသုံးသွယ်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ဆိုသည်။
ထောင်လိုက် မတင်ပေးနိုင်သည့် အဆိုပါ သင်္ဘောမတင်စက်မှာ သင်္ဘောငယ်များနှင့် သင်္ဘောအလတ်များကိုလည်းကောင်းမွန်စွာသယ်ဆောင်နိုင်စေရန် ဒီဇိုင်းဆွဲထားပြီး အများဆုံး တန်ချိန် ၃ထောင်ကို သယ်ယူနိုင်ကာ ဆည်ကို ဖြတ်သန်းသွားနိုင်သည်။ (Xinhua)