Connect with us

Videos

မြန်မာနိုင်ငံအတွက်ပရဟိတရန်ပုံငွေတစ်ရပ်အား ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်းမှတည်ထောင်

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကျဲ့ကျန်းကုန်သည်ကြီးများ အသင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာ လ ၂ဝ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာ နိုင်ငံ ၌ ပရဟိတ လူမှု ကူညီရေး ဆောင်ရွက်ရန် အတွက် မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း မှ ပရဟိတ ရန်ပုံငွေ တစ်ရပ်အား မတည်ငွေ ကျပ် သိန်း ၂ဝဝ ဖြင့် တည်ထောင် ခဲ့ပါသည်။

မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Mr.Tu Guoding မှ အသင်း အနေဖြင့် မြန်မာ နိုင်ငံ တွင်းရှိ ပရဟိတ လူမှု ကူညီထောက်ပံ့မှုများကို ပိုမို ဆောင်ရွက်သွားရန် အတွက် မြန်မာ နိုင်ငံ ကျဲ့ကျန်း ပရဟိတ ရန်ပုံငွေ တစ်ရပ်ကို မတည်ငွေ ကျပ်သိန်း ၂ဝဝ ဖြင့်တည်ထောင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး Mr.Xie Guoxiang မှ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွား ရန်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို နက်ရှိုင်း စေရန်အတွက် ဆောင်ရွက်သွားကြရန်အထူးပြောကြား ခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.