Connect with us

Politics, Law & Military

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ လက်ခံဆွေးနွေးမည်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ လက်ခံဆွေးနွေးရန် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၆ရက်မြောက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ဥပဒေကို စက်တင်ဘာလ ၂၂ ရက်က ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၂ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာက လက်ခံဆွေးနွေးရန် ထောက်ခံခဲ့သည်။
ယင်း ဥပဒေကြမ်းတွင် ၁၀ နှစ်အထိ တူးဖော်ခွင့်ပြုထားသည့် အကြီးစားကျောက်မျက်တူးဖော်ထုတ်လုပ်မှုကို ပယ်ဖျက်ခြင်း၊ ငါးနှစ်အထိ တူးဖော်ထုတ်လုပ်ခွင့်ပြုထားသည့် အလတ်စားကျောက်မျက် တူးဖော် ထုတ်လုပ်ခွင့်ကိုလည်း ဥပဒေကြမ်းတွင် သုံးနှစ်သို့လျှော့ချခြင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်လိုသောပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းသို့ ရောင်းချနိုင်သည့်စာရင်းမှ ကျောက်မျက်ရတနာအရိုင်း ရောင်းချခြင်းကိုလည်း ဥပဒေကြမ်းတွင် ပယ်ဖျက်ခြင်းများကို အသစ်ပြင်ဆင်ထားသည်။
ဥပဒေကြမ်းအသစ်တွင် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပြည်ပကုန်သည်များကို မိမိအစီအစဉ်ဖြင့် ရောင်းချခြင်းနှင့် ကျောက်မျက်ထွက်ရှိရာ ဒေသများတွင် အရောင်းအဝယ်ပြုလုပ်ရန်အတွက် ကျောက်မျက်ဈေးကွက်များ သတ်မှတ်ပေးရန် အသစ်ဖြည့်စွက်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.