Connect with us

Politics, Law & Military

ကျောက်တံတား မြို့နယ်အတွင်းမှ အိမ်အကူ နှစ်ဦး သတင်းကို ရေးသားသည့် သတင်းထောက်ချုပ်အား သမ္မတ ဂုဏ်ပြု

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဖေမြင့်က သတင်းထောက်ချုပ် ဦးဆွေဝင်းအား နိုင်ငံတော် သမ္မတ ကိုယ်စား ဂုဏ်ပြုလွှာ ချီးမြှင့်စဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မြို့နယ်၌ ဖြစ်ပေါ်ခဲ့သည့် အနှိပ်စက် ခံရသော အိမ်အကူ မိန်းမငယ် နှစ်ဦးတို့၏ ဖြစ်ရပ်မှန်အား ကိုယ်ကျိုးမငဲ့ဘဲ စွန့်စား စုံစမ်း ဖော်ထုတ် ရေးသားခဲ့သည့် Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းအား နိုင်ငံတော် သမ္မတက ဂုဏ်ပြုခြင်းအခမ်းအနားကို နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနတွင်၊ စက်တင်ဘာလ ၂၃ ရက် နံနက် ၉ း ၃၀ နာရီ၌ ကျင်းပခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဖေမြင့်က သတင်းထောက်ချုပ် ဦးဆွေဝင်းအား နိုင်ငံတော် သမ္မတ ကိုယ်စား ဂုဏ်ပြုလွှာ ချီးမြှင့် ပေးအပ်ခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးက ယနေ့နံနက် ပေးအပ်သည့် ဂုဏ်ပြု မှတ်တမ်း လွှာတွင် “Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းသည် မိမိ၏ လုံခြုံရေးနှင့် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ လူသားချင်း စာနာ ထောက်ထားမှုကိုရှေးရှု၍ လူမှု အကျိုးပြု ကိစ္စရပ်အား စွန့်စား ဆောင်ရွက်ပေးခဲ့သည့် အတွက် နိုင်ငံတော် သမ္မတက အသိအမှတ်ပြု ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ ဦးဆွေဝင်းကဲ့သို့ မှန်ကန်သည့် ဘက်မှ ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စွန့်စား ဆောင်ရွက်ပေးသော ပုဂ္ဂိုလ်များ နိုင်ငံအတွင်း ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။ —– ခေတ္တ ညွှန်ကြားရေးမှူးချုပ်၊နိုင်ငံတော် သမ္မတရုံး” ဟူ၍ ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.