Connect with us

Eastern Europe

ရုရှားနိုင်ငံဆိုက်ဘေးရီးယားဒေသ၌ MI-8 ရဟတ်ယာဉ်ပျက်ကျ ၂၁ ဦး သေ၊ ၃ ဦးကယ်တင်နိုင်ခဲ့

ရုရှားနိုင်ငံ ဝေဟင်၌ MI-8 ရဟတ်ယာဉ်တစ်စင်း ပျံသန်းနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

ဗလာဒီဘော့စတော့ခ် ၊ရုရှား ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ Yamal ကျွန်းဆွယ်၌ MI-8 ရဟတ်ယာဉ်တစ်စင်းသည် ရာသီဥတုဆိုးဝါးသောကြောင့် မြေပြင်သို့ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၂၁ ဦးသေဆုံးပြီး အခြား ၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံအနောက်မြောက်ပိုင်း Yamalo-Nentes ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကျွန်းဆွယ်အတွင်းပျက်ကျသွားသော ရဟတ်ယာဉ်မှ ရဟတ်ယာဉ်ပျံသန်းမှုမှတ်တမ်း (Black Boxes) နှစ်လုံးကို ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။ဒဏ်ရာရထားသူများအနက် တစ်ဦးကို နီးစပ်ရာ Urengoy ကျေးရွာ ဆေးရုံသို့ပို့ဆောင်ထားသည်။“ ရဟတ်ယာဉ်ပျံသန်းရေးကို မှတ်တမ်းတင်ထားတဲ့ အချက်အလက် သိုလှောင်သိမ်းဆည်းရေး (black boxes) နှစ်လုံးစလုံးကို ရှာဖွေတွေ့ရှိထားပြီးပါပြီ။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက်မှာတော့ သူတို့ကို အချက်အလက်ဖော်ထုတ်ဖို့ပေးပို့သွားမှာပါ ” ဟုရုရှားပြည်ထောင်စု လေကြောင်းပို့ဆောင်ရေးအေဂျင်စီ၏ ပြောကြားချက်ကို ကိုးကား၍ RIA Novosti သတင်းဌာနက ဖော်ပြခဲ့သည်။

၎င်းရဟတ်ယာဉ်ပေါ်တွင် ခရီးသည် ၂၂ ဦး နှင့် ရဟတ်ယာဉ်မှူး ၃ ဦး လိုက်ပါသွားကြောင်း နှင့် အောက်တိုဘာလ ၂ဝ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၇ မိနစ်တွင် Urengoy မြို့အနောက်မြောက်ဖက် ၈ဝ ကီလိုမီတာအကွာတွင် ဆင်းသက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ဒဏ်ရာရသူ သုံး ဦးထဲမှ တစ်ဦးသည် အရေးပေါ်ဌာနသို့ဖုန်းဆက် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ ရဟတ်ယာဉ် အပျက်အစီးပုံထဲကို ဝင်ရှာတဲ့အချိန်မှာ ဒဏ်ရာ အပြင်းအထန်ရထားတဲ့ လူနာ သုံးယောက်ကို တွေ့ရပါတယ်” ဟု TASS ရုရှားသတင်းဌာနက ရေးသားဖော်ပြသည်။အခင်းဖြစ်နေရာသို့ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၄ဝ ဦးက ကယ်ဆယ်ရေးအသုံးအဆောင်ပစ္စည်း အစုံ ၂ဝ ကို ယူဆောင်လာပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။အဆိုပါ ရဟတ်ယာဉ်သည် Krasnoyarsk ဒေသရှိ ရေနံထွက်ရှိသော Suzunskoe မြို့မှ Urengoy မြို့သို့ဦးတည်ပျံသန်းလားစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.