Connect with us

Eastern Europe

APEC ထိပ်သီးအစည်းအဝေးတွင် အိုဘားမားနှင့်ပူတင် သီးခြားတွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ရုရှားပြော

အမေရိကန်နိုင်ငံသမ္မတအိုဘားမား နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်တို့ နှစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ၌ ကျင်းပမည့် အာရှပစိဖိတ်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု(APCE) ထိပ်သီးအစည်းအဝေးတွင် အမေရိကန်နိုင်ငံသမ္မတအိုဘားမား နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်တို့သည် သီးခြားတွေ့ဆုံဆွေးနွေးရန် အစီအစဉ် မရှိကြောင်း ရုရှားအစိုးရက နိုဝင်ဘာလ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

နှစ်ဖက်ခေါင်းဆောင်အကြား သီးသန့်တွေ့ဆုံဆွေးနွေးရန် နှစ်နိုင်ငံအကြား မည်သည့်သဘောတူညီမှုမျှ လုပ်ဆောင်ထားခြင်းမရှိကြောင်း ၊ သို့သော် ထိပ်သီးအစည်းအဝေးပွဲအတွင်း၌သာ တွေ့ဆုံကြရန် ရှိကြောင်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားခဲ့သည်။

ယင်းနေ့မတိုင်ခင်တစ်ရက် ရုရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က သတင်းသမားများအားပြောကြားရာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီ နှင့်တွေ့ဆုံ၍ ဆီးရီးယားနိုင်ငံအရေးအဖြေရှာရန် နှင့် ပီရူးနိုင်ငံ လီမာတွင် ရုရှားနိုင်ငံအပေါ် အမေရိကန်နိုင်ငံကချမှတ်ထားသော ပိတ်ဆို့မှုများနှင့်ပတ်သက်၍ နှစ်ဖက်ဆွေးနွေးသွားရန် ရှိကြောင်း နိုဝင်ဘာလ ၁၅ ရက်က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.