Videos
ကမ္ဘာ့နိုင်ငံများအားလုံးနှင့် ရင်းနှီးချစ်ကြည်စွာဆက်ဆံသွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆို
တိုကျို၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ သို့ရောက်ရှိနေစဉ် နိုဝင်ဘာလ ၄ ရက် နေ့ က Japan National Press Club တွင်ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီးသတင်းထောက်များ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးရှိ မည့်သည့်နိုင်ငံကို မဆို ရင်းနှီးချစ်ကြည်စွာ ဆက်ဆံလိုပါကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရာတွင်လည်း ထိုသို့ပင်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် ရင်းနှီးကောင်းမွန်သောဆက်ဆံရေးရှိပြီး ထိုဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားရန် ပိုမိုခိုင်မြဲအောင် တည်ဆောက်သွားရန် ရည်ရွယ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံကိုမှ ခွဲခြားကာ ပေါင်းသင်းဆက်ဆံသွားမည်မဟုတ်ပါကြောင်း စသဖြင့်ပြောကြားခဲ့သည်။ (Xinhua)