Connect with us

Africa & Middle East

ဂျေရုဆလင်တွင် ကောင်စစ်ဝန်ချုပ်ရုံး ပြန်လည်ဖွင့်လှစ်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဂါဇာ၊ မေ ၂၆ ရက်(ဆင်ဟွာ)

ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့နှင့်ပါလက်စတိုင်းပြည်သူများ၏ဆက်ဆံရေးကို ပြည်လည်တည်ဆောက်ရန် ဂျေရုဆလင်တွင် ကောင်စစ်ဝန်ချုပ်ရုံး ပြန်လည်ဖွင့်လှစ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက မေ ၂၅ ရက် ညပိုင်း ပါလက်စတိုင်းRamallahတွင် ပြောကြားခဲ့သည်။Blinkenသည် မေ ၂၅ ရက်မှစ၍ အစ္စရေး၊ ပါလက်စတိုင်း၊ အီဂျစ်နှင့်ဂျော်ဒန်တို့ကို သွားရောက်လည်ပတ်ခဲ့သည်။ ယင်းခရီးစဉ်သည် ၎င်းနိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အရှေ့အလယ်ပိုင်းသို့ သွားရောက်ခြင်းဖြစ်သည်။

ပါလက်စတိုင်း သမ္မတ Mahmoud Abbasနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenတို့ မေ ၂၅ ရက်က Ramallahတွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

“ဂျေရုဆလင်မှာ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်ဖို့ အမေရိကန်က ဆက်လက်တွန်းအားပေးသွားမယ်”ဟု ယင်းနေ့တွင် ပါလက်စတိုင်းသမ္မတ Mahmoud Abbasနှင့်တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ Blinkenက ပြောကြားခဲ့သည်။ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ရခြင်းမှာ အမေရိကန်နှင့် ပါလက်စတိုင်းပြည်သူကို ထိတွေ့မှုနှင့်အကူအညီပံ့ပိုးမှုပေးသည့် အဓိက နည်းလမ်းဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း ဖွင့်လှစ်မည့် အသေးစိတ်ရက်ကို ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

အမေရိကန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံနည်းလမ်း(Two-state solution)နှင့် အစ္စရေး-ပါလက်စတိုင်းအရေးကို အဖြေရှာဖို့ ထောက်ခံကြောင်း၊ ဂျေရုဆလင်မြို့ဟောင်းဘာသာရေးအထွဋ်အမြတ်နေရာတွင် လက်ရှိအခြေအနေကို ထိန်းသိမ်းထားဖို့ ထောက်ခံကြောင်းနှင့် အရှေ့ဂျေရုဆလင်ရှိ ပါလက်စတိုင်းများကို နှင်ထုတ်ခြင်းအား ဆန့်ကျင် ကန့်ကွက်ကြောင်း Blinkenက ထပ်လောင်းပြောကြားခဲ့သည်။

ပါလက်စတိုင်းဖွံ့ဖြိုးတိုးတက်ရေးနှင့်စီးပွားရေးအကူအညီများကို ပံ့ပိုးပေးရန် အမေရိကန်အစိုးရက လွှတ်တော်ကို တောင်းဆိုသွားမည်ဖြစ်ကြောင်း ၊ ဂါဇာဒေသစသည့်နေရာများကို ကပ်ဘေးအကူအညီနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ချက်ချင်းပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

Mahmoud Abbasက အမေရိကန်၊ အီဂျစ်စသည့် နိုင်ငံများက အစ္စရေးနှင့်ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့(ဟာမက်စ်)တို့အကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ရရှိအောင် တွန်းအားပေးဆောင်ရွက်သည့် ကြိုးပမ်းမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ အပစ်ခတ်ရပ်စဲရေးတွင် အရှေ့ဂျေရုဆလင်နှင့် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းတို့ မဖြစ်မနေပါဝင်ရမည်ဖြစ်ကြောင်း ၊ အဓိကက အစ္စရေးအခြေချနေထိုင်သူများ၏ တိုက်ခိုက်မှုနှင် အစ္စရေးနယ်မြေသိမ်းပိုက်စစ်တပ်များသည် ဂျေရုဆလင်နှင့်ပါလက်စတိုင်းပြည်သူလူထု၏တိုက်ခိုက်မှု တားဆီးရန်အတွက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အပစ်ရပ်သဘောတူညီချက်ကို ခိုင်မာအောင်ဆောင်ရွက်ခြင်းသည် နိုင်ငံရေးဖြစ်စဉ်လမ်းကြောင်းကို အမြန်ဆုံး အစပြုရန်အတွက်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်ပြီးဆုံးပါက အစ္စရေးတို့ အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်ထားသည့် ပါလက်စတိုင်းနိုင်ငံနယ်မြေ၏သိမ်းပိုက်မှု အဆုံးသတ်မည်ဖြစ်ကြောင်း Mahmoud Abbasက ဆိုသည်။ ပါလက်စတိုင်းခေါင်းဆောင်များအနေဖြင့် နိုင်ငံတကာတရားဝင် တစ်မျိုးသားလုံးသဘောတူညီမှုရှိသည့် အစိုးရတည်ဆောက်သွားရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၉ ခုနှ မတ်လတွင် ထရမ့်အစိုးရက ပါလက်စတိုင်းအရေးကို တာဝန်ယူဆောင်ရွက်နေသည့် ဂျေရုဆလင်အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးကို အစ္စရေးနိုင်ငံဆိုင်ရာ သံရုံးဖြင့် ပေါင်းစည်းခဲ့ရာ ကောင်စစ်ဝန်ချုပ်ရုံးသည် သံရုံးလက်အောက် ပါလက်စတိုင်းရေးရာဌာန ဖြစ်ခဲ့သည်။ ဂျေရုဆလင်အခြေစိုက် အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို အဆင့်နှိမ့်လိုက်ခြင်းသည် အစ္စရေးတို့ အရှေ့ဂျေရုဆလင်နှင့် ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း၏ထိန်းချုပ်မှုကို အမေရိကန် အသိအမှတ်ပြုသည့် နိုင်ငံရေး အချက်ပြမှုအဖြစ် ပါလက်စတိုင်းတို့က ယူဆခဲ့ကြသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)美国国务卿表示将重开美驻耶路撒冷总领事馆

新华社加沙5月25日电(记者熊思浩)美国国务卿布林肯25日晚在巴勒斯坦拉姆安拉说,美国将重开驻耶路撒冷总领事馆,称“美国致力于重建与巴勒斯坦民族权力机构和巴勒斯坦人民的关系”。

布林肯25日起访问以色列、巴勒斯坦、埃及和约旦,这是他上任后首次访问中东。 布林肯当晚在会晤巴勒斯坦总统阿巴斯后共同会见记者时说,“美国将继续推进重开驻耶路撒冷总领馆的进程”,重开该总领馆是美国“与巴勒斯坦人民进行接触并提供支持的一个重要途径”。但他没有给出重开总领馆的确切日期。

布林肯还重申,美国支持通过“两国方案”解决巴以问题、支持维持耶路撒冷老城宗教圣地现状以及反对将东耶路撒冷的巴勒斯坦人强行驱逐出去。
布林肯表示,美国政府将要求国会为巴勒斯坦提供发展和经济援助,将立即为加沙地带等提供灾难援助和人道援助。

阿巴斯感谢美国、埃及等国为推动以色列与巴勒斯坦伊斯兰抵抗运动(哈马斯)达成停火协议所作的努力。他说,停火必须包括东耶路撒冷和约旦河西岸,主要是阻止以色列定居者的袭击和以色列占领军对耶路撒冷和巴勒斯坦人民的袭击。

阿巴斯还表示,巩固停火协议为迅速启动政治进程铺平道路,这一进程将结束以色列对以东耶路撒冷为首都的巴勒斯坦国的占领。巴勒斯坦领导层将继续努力,致力于建立一个具有国际合法性的全国共识政府。

2019年3月,美国特朗普政府将负责巴勒斯坦事务的驻耶路撒冷总领馆并入驻以色列大使馆,使总领馆成为使馆下属的巴勒斯坦事务部。巴方认为,美国给驻耶路撒冷总领馆“降级”是在发出政治信号,即美国承认以色列对东耶路撒冷和约旦河西岸的控制。(完)
图说1:5月25日,巴勒斯坦总统阿巴斯(右)与到访的美国国务卿布林肯在拉姆安拉会晤。 新华社发(巴勒斯坦总统府供图)
图说2:5月25日,巴勒斯坦总统阿巴斯(中右)与到访的美国国务卿布林肯(中左)在拉姆安拉会晤。新华社发(巴勒斯坦总统府供图)