Connect with us

Africa & Middle East

အမေရိကန်စစ်တပ်မွှေးခဲ့သောမီးကြောင့် တိုက်ပွဲများအကြား နှိပ်စက်ခံနေရဆဲ အာဖဂန်နစ္စတန်ပြည်သူများ

ကဘူးလ် ၊ မေ ၂၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Nangarhar ပြည်နယ် ရှင်းဗားဒေသရှိ ရွာတစ်ရွာတွင်နေထိုင်သော အသက် ၃၂ နှစ်အရွယ် မိုဟာမက်-ဘဆယ်လ်-အဘစ် သည် လက်ရှိချိန်ထိ လွန်ခဲ့သော ၄ နှစ် ညပိုင်းက ဖြစ်ပွားခဲ့သော သွေးထွက်သံယိုသတ်ဖြတ်မှု၏ လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်ခြင်းမရှိသေးပါ။အဘစ်က သတင်းထောက်အား “ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ကျွန်တော်အိပ်နေတယ် ။ ရုတ်တရက်ပြင်းထန်တဲ့ပေါက်ကွဲမှုဟာ ကျွန်တော့်ကိုကုတင်ပေါ်က ပြုတ်ကျသွားအောင် လှုပ်ခတ်လိုက်တယ် ၊ အိမ်ရှေ့ခြံတံခါး ပေါက်ကွဲလွင့်ထွက်သွားပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေဝင်လာတယ် ၊ သူတို့က အခန်းထဲကို သေနတ်နဲ့ မရပ်မနားပစ်တယ် ၊ ကျွန်တော်ရဲ့ မိသားစု ၆ ယောက် သေဆုံးသွားတယ် ၊ ၃ ယောက်ဒဏ်ရာရသွားတယ် ” ဟု ဆိုသည်။

အမေရိကန်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မိသားစုဝင်များအားလုံးမှာ ကလေးငယ်များဖြစ်ကြပြီး မူလတန်း နှင့် အထက်တန်းကျောင်း တက်နေကြသူများဖြစ်ကြောင်း ၊ ယင်းဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်ခဲ့သည့် မိသားစုဝင်များ ၊ အထူးသဖြင့် ကလေးငယ်များသည် လက်ရှိအချိန်ထိ စိတ်ဒဏ်ရာရရှိထားရာမှ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။ “ ကလေးတွေက အခုချိန်ထိ သေနတ်သံ နှင့် ပေါက်ကွဲသံတွေကြားရရင် အလွန်ကြောက်ပြီး ငိုနေကြသေးတယ် ။ အချိန် ၄ နှစ်ကြာခဲ့ပြီ သူတို့တွေအခုချိန်ထိ ကျောင်းမသွားရဲကြသေးဘူး ။ အမေရိကန်လူမျိုးတွေ သတ်ဖြတ်မှုလုပ်ခဲ့တဲ့ မြင်ကွင်းက အခုချိန်ထိ သူတို့ဦးနှောက်ထဲကနေ ဖယ်ထုတ်လို့မရသေးဘူးဖြစ်နေတယ်။ ” ဟု အဘစ်က ရှင်းပြသည်။

အဘစ် က မိသားစုဝင်များ သတ်ဖြတ်ခံခဲ့ရပြီးနောက်ပိုင်းတွင် ၎င်းတို့သည် အစိုးရထံမှ ထောက်ပံ့ငွေအချို့ကိုသာ ရရှိခဲ့ကြောင်း ၊ အမေရိကန်တပ်ဖွဲ့ဝင်များက ၎င်းတို့အား တောင်းပန်ခြင်းမရှိခဲ့ကြောင်း ၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ယူလိုက်ရသည့် အမေရိကန်တပ်ဖွဲ့ဝင်ကိုလည်း မကြားခဲ့ရကြောင်း ဆိုသည်။

အဘစ် တို့မိသားစု ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်သည် အမေရိကန်က အာဖဂန်နစ္စတန်စစ်ပွဲ စတင်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် ဘေးဒုက္ခနှင့် စစ်ရာဇဝတ်မှုများ၏ အကျဉ်းချုပ်ပုံရိပ်တစ်ခုသာ ဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံ၌ တိုက်ပွဲဖြစ်ပွားချိန်ကာလအတွင်း အမေရိကန်တပ်ဖွဲ့၏ စစ်ရေးဆောင်ရွက်မှုများကြောင့် ပြည်သူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြသည် ။ ဘေးဒုက္ခခံလိုက်ရသူများ က အကြီးမားဆုံးသော အဖြစ်ဆိုးကြီးနှင့်ကြုံတွေ့လိုက်ရပြီး အိုးပျက်အိမ်ပျက်မိသားစုများနှင့် သေကွဲကွဲခဲ့ရသည်။ သို့သော် အမေရိကန်နိုင်ငံ က ယင်းဖြစ်စဉ်များအပေါ် ဘေးထွက်ဆိုးကျိုး သို့မဟုတ် မှားယွင်းပြုမူမိခြင်း နှင့် မှားယွင်းထိခိုက်မိစေခြင်းဟူ၍ တာဝန်ယူ ၊ တာဝန်ခံရန် ငြင်းဆိုခဲ့သည်။

၂၀၀၂ ခုနှစ် ဇူလိုင်လ၌ အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း Oruzgan ပြည်နယ် ကျေးရွာတစ်ရွာတွင် မင်္ဂလာပွဲတစ်ပွဲကျင်းပပြုလုပ်နေစဉ် ဒေသတွင်းရိုးရာအစဉ်အလာများအရ အခမ်းအနားတက်ရောက်ကြသူများကို ဂုဏ်ပြုသည့်အနေဖြင့် ကောင်းကင်သို့ သေနတ်ပစ်ဖောက်၍ ဂုဏ်ပြုပေးခဲ့ကြသည်။ သို့သော်ယင်းဆောင်ရွက်မှုကြောင့် အမေရိကန်တိုက်လေယာဉ်၏ ဗုံးကျဲတိုက်ခိုက်မှုကို ခံခဲ့ရပြီး လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရကာ လူပေါင်း ရာနှင့်ချီ၍ ဒဏ်ရာရခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် အမေရိကန်တပ်ဖွဲ့က တောင်းပန်မှုပြုလုပ်ရန် ငြင်းဆိုခဲ့ပြီး ယင်းကဲ့သို့သော တိုက်ခိုက်မှုမှာ တရားနည်းလမ်းကျ၍ ဥပဒေနှင့်ကိုက်ညီကြောင်း ဆိုကာ ယင်းဖြစ်စဉ်အတွက် တာဝန်ယူရမည့်သူများမှာ အမေရိကန်အား တိုက်ခိုက်သည့် မြေပြင်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကဲ့သို့သော အဖြစ်ဆိုးမျိုးသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရသည်။ အမေရိကန်နိုင်ငံ The Nation မဂ္ဂဇင်း ၏ ၂၀၁၃ ခုနှစ်၌ ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးအရ ၂၀၀၁ ခုနှစ် မှ ၂၀၁၂ ခုနှစ် အထိ ကာလအတွင်း အမေရိကန်နိုင်ငံ က အာဖဂန်နစ္စတန်နိုင်ငံတွင် မင်္ဂလာပွဲပေါင်း ၆ ပွဲကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လူပေါင်း ၂၀၀ ကျော်သေဆုံး ခဲ့ရကြောင်းဖော်ပြထားသည်။ အမေရိကန် တပ်ဖွဲ့ဝင်များသည် ဆေးရုံ နှင့် အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း မှားယွင်းဗုံးကျဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့သေးသည်။

တရုတ်နိုင်ငံ လူ့အခွင့်အရေး လေ့လာသုံးသပ်မှုအဖွဲ့၏ စာရင်းပြုစုချက်အရ နှစ်ပေါင်း ၂၀ ကာလအတွင်း အာဖဂန်နစ္စတန် အရပ်သားပြည်သူပေါင်း ၃ သောင်းကျော်မှာ အမေရိကန်တပ်ဖွဲ့၏ ပစ်ခတ်မှု ၊ ဗုံးကျဲတိုက်ခိုက်မှု သို့မဟုတ် အမေရိကန်တပ်ဖွဲ့ သယ်ဆောင်လာသော တိုက်ပွဲများကြောင့် သေဆုံးခဲ့ရကြောင်း ၊ အရပ်သားပြည်သူပေါင်း ၆ သောင်းကျော် ဒဏ်ရာရရှိခဲ့ရပြီး လူပေါင်း ၁၁ သန်းခန့်က ဒုက္ခသည်ဘဝသို့ရောက်ရှိသွားရကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံပြည်သူများ၏ အမြင်တွင် သွေးကြွေးတင်နေသော အမေရိကန်တပ်ဖွဲ့ သည် အာဖဂန်နစ္စတန်နိုင်ငံအတွက် ငြိမ်းချမ်းရေးကို သယ်ဆောင်ပေးလာနိုင်လိမ့်မည်မဟုတ်ကြောင်း ခံယူထားကြသည်။ အာဖဂန်နစ္စတန် နိုင်ငံရေးလေ့လာသုံးသပ်သူ Nazari Pariani က သတင်းထောက်အား ပြောကြားရာတွင် အမေရိကန်သည် အာဖဂန်နစ္စတန်နိုင်ငံတွင် တပ်ဖွဲ့ဝင်များအား နှစ်ပေါင် ၂၀ ကြာ တပ်ချထားခဲ့သော်လည်း အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံရေး နှင့် လုံခြုံရေး ပြဿနာများအား ဖြေရှင်းနိုင်ခဲ့ခြင်းမရှိကြောင်း ၊ ယင်းကဲ့သို့သောအချိန်အခါမျိုးတွင် အမေရိကန်နိုင်ငံက တာဝန်ယူမှုကင်းမဲ့စွာ တပ်ဖွဲ့ဝင်များ ပြန်လည်ခေါ်ယူမှုလုပ်ဆောင်လိုက်ခြင်းသည် ပြဿနာများစွာဖြင့် ကျန်ရှိသော အရာအားလုံးကို အာဖဂန်နစ္စတန်နိုင်ငံပြည်သူများအား မျက်နှာလွှဲခဲပစ် ပြုလုပ်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် နှင့် နေတိုးတပ်ဖွဲ့ သည် ယခုနှစ် မေ ၁ ရက်မှစတင်ကာ အာဖဂန်နစ္စတန်နိုင်ငံ ရှိ တပ်ဖွဲ့ဝင်များကို တရားဝင် ပြန်လည်ခေါ်ယူခဲ့ပြီး စက်တင်ဘာ ၁၁ မတိုင်မီ တပ်ဖွဲ့ဝင်များအားလုံး ကို ပြန်လည်ခေါ်ယူသွားတော့မည်ဖြစ်ကြောင်း သိရသည်။

အဘစ် က အမေရိကန်အနေဖြင့် အာဖဂန်နစ္စတန်တွင် နှစ်ပေါင်း ၂၀ ကြာ တပ်ဖွဲ့ဝင်များနေရချထားသော်လည်း အာဖဂန်နစ္စတန်နိုင်ငံအတွက် မည်သည့်အကျိုးကျေးဇူး မှ မဖြစ်ထွန်းစေခဲ့ကြောင်း ၊ အမေရိကန်၏ စစ်ရေးဆောင်ရွက်မှုမဟာဗျူဟာ သည် မအောင်မြင်သည့် ဆောင်ရွက်မှုတစ်ခုသာဖြစ်ကြောင်း ၊ အမေရိကန်လူမျိုးများ အာဖဂန်နစ္စတန်နိုင်ငံသို့ ကျူးကျော်ဝင်ရောက်ချိန်တွင် အကြမ်းဖက်အဖွဲ့အစည်းအား အမြစ်ပြတ်ချေမှုန်းပြီး အာဖဂန်နစ္စတန်နိုင်ငံအတွက် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုကို သယ်ဆောင်လာပေးမည်ဟု ပြောကြားခဲ့ကြောင်း ၊ သို့သော်မိမိတို့ ကြုံတွေ့လိုက်ရသည်မှာ ဝမ်းနည်းဖွယ်ရာ ကျဆုံးမှုသာဖြစ်ပြီး တာလီဘန်အပြင် အယ်လ်ကိုင်းဒါး စသည့်အဖွဲ့အစည်းများ နှင့် အခြားသော အကြမ်းဖက်အဖွဲ့အစည်း များမှာလည်း ဆက်လက်၍ တက်ကြွစွာ လှုပ်ရှားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ပေါင်း ၂၀ ကြာခဲ့သော်လည်း အာဖဂန်နစ္စတန်နိုင်ငံ ပြည်သူများသည် အမေရိကန်စစ်တပ်မွှေးခဲ့သော တိုက်ပွဲမီးလျှံအကြား နှိပ်စက်မှု ခံစားနေရဆဲ ဖြစ်ပြီး မိမိနိုင်ငံတွင် တိုက်ပွဲပြီးဆုံးသွားမည့် မျှော်လင့်ချက် အရိပ်အယောင် တစ်စုံတရာမှ မြင်တွေ့ရခြင်းမရှိကြောင်း အဘစ် ကဆိုသည်။ (Xinhua)
#USA #Afghanistan #civilian #war #xinhua #myanmar #xinhuamyanmar #အမေရိကန် #အာဖဂန်နစ္စတန် #ပြည်သူလူထု #စစ်ပွဲ
…………………………………………
(Chinese Version)

(国际)通讯:“阿富汗人民仍在美军燃起的战火中煎熬”

新华社喀布尔5月26日电通讯:“阿富汗人民仍在美军燃起的战火中煎熬”
新华社记者史先涛

穆罕默德•巴西尔•阿比德现年32岁,居住在阿富汗楠格哈尔省欣瓦尔地区一个村子里。他至今无法忘记4年前那个夜晚,也无法走出当时血腥屠戮的阴霾。

“2017年1月13日午夜,我正在睡觉,一阵猛烈的爆炸把我从床上震下来,我家院子大门被炸开,美国大兵闯进来,用枪在房间里扫射,打死我家6口人,打伤3人。”阿比德对记者说。

他告诉记者,死在美军枪下的都是孩子,已经上了中学或小学。幸存的家人尤其是孩子们至今无法从精神创伤中恢复。“孩子们直到现在听到枪声和爆炸声,还会害怕甚至哭泣。4年过去了,他们仍然不敢去上学,美国人杀戮的那一幕在他们脑海中挥之不去。”

阿比德告诉记者,家人惨遭杀害后,他们只从政府那儿得到一些补助金,美国士兵没有向他们道歉,也没有听说有美国士兵为此承担责任。
阿比德一家的遭遇只是美国发动阿富汗战争20年来在阿富汗制造人道主义灾难和犯下战争罪行的一个缩影:战争期间,美军的军事行动造成大量平民伤亡,令受害者遭受灭顶之灾、家破人亡,美方却称之为“附带伤害”或“误炸误伤”,不愿承担责任。

2002年7月,阿富汗中部乌鲁兹甘省一个村庄举行婚礼,参加婚礼的人按当地习俗对天鸣枪以示庆贺,却引来美军战机轰炸,导致40多人丧生、上百人受伤。事后,美军拒绝道歉,称其攻击“正当合法”,要对此负责的是所谓“对美方发动攻击的地面武装人员”。

此类悲剧在阿富汗多次上演。据美国《民族》周刊2013年报道,仅2001年至2012年,美国在阿富汗空袭过6场婚礼,共造成200多人死亡。美军还“误炸”过医院和阿富汗安全人员。
据中国人权研究会统计,20年来,阿富汗3万多名平民被美军打死、炸死或因美军带来的战乱死亡,另有6万多平民受伤,约1100万人沦为难民。
在阿富汗人眼中,欠下血债的美军并没有给阿富汗带来和平。阿富汗政治分析人士纳扎里•帕里亚尼对记者说,美军在阿富汗驻军20年,阿富汗政治和安全问题依然没有得到解决,在这种局面下,美国开始不负责任地撤军,把烂摊子丢给阿富汗人民。
美国和北约军队今年5月1日起正式撤离阿富汗,并将于9月11日前完全撤出。

阿比德表示,美国驻扎阿富汗20年,对阿富汗毫无益处,美国的军事战略是失败的。“美国人入侵阿富汗时声称要根除恐怖组织,给阿富汗带来和平与繁荣,但他们遭遇了惨败,除塔利班外,‘基地’组织和其他恐怖组织都很活跃。”

“20年过去了,阿富汗人民仍在美军燃起的战火中煎熬,在我们国家,看不到战争结束的任何希望。”阿比德说。(完)
Photo

这是2003年12月16日,驻阿富汗的美军在阿富汗中部的瓦尔达克省巡逻。阿富汗战争是美国历史上持续时间最长的海外战争。
新华社记者 王雷 摄