Connect with us

Africa & Middle East

မာလီနိုင်ငံအသွင်ကူးပြောင်းရေး သမ္မတနှင့် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်လိုက်ပြီဟု မာလီစစ်တပ် ပြောကြား

ဗာမာလ်ကို၊ မေ ၂၇ ရက်(ဆင်ဟွာ)

မာလီနိုင်ငံ အသွင်ကူးပြောင်းရေးသမ္မတ Bah N’Dawနှင့် ဝန်ကြီးချုပ်Moctar Ouaneတို့ မေ ၂၆ ရက်တွင် ရာထူးမှ အသီးသီး နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မာလီစစ်တပ်က ယင်းနေ့ညပိုင်းတွင် ပြောကြားခဲ့သည်။Bah N’Dawနှင့်Moctar Ouaneတို့သည် အနောက်အာဖရိကနိုင်ငံများစီးပွားရေးအသိုက်အဝန်း(ECOWAS)ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ နိုင်ဂျီးရီးယား ယခင်သမ္မတ Goodluck Jonathanရှေ့တွင် ရာထူးမှနုတ်ထွက်ခဲ့ကြောင်း မာလီ အသွင်ကူးပြောင်းရေးအစိုးရ ဒုတိယသမ္မတ Assimi Goita၏ အထူးအကြံပေးBaba Cisseက မာလီနိုင်ငံမြို့တော် ဗာမာလ်ကိုမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦး ရာထူးမှ နုတ်ထွက်ပြီးနောက် ထိန်းသိမ်းခံရသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း ၊ သို့သော်လည်း လုံခြုံရေးအရ တဖြည်းဖြည်း ပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း Baba Cisseက ဆိုသည်။

မာလီ၌ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် စစ်တပ်ပုန်ကန်မှု ဖြစ်ပွားခဲ့သည်။ ယင်းနှစ် စက်တင်ဘာလတွင် ပုန်ကန်သည့် စစ်တပ်က အမျိုးသား ပြည်သူ့ကယ်ဆယ်ရေးကော်မတီတည်ထောင်၍ ယခင်ကာကွယ်ရေးနှင့်စစ်ပြန်ဝန်ကြီးဟောင်း Bah N’Dawကို အသွင်ကူးပြောင်းရေးအစိုးရ သမ္မတအဖြစ် လည်းကောင်း၊ အမျိုးသားပြည်သူ့ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ Goitaကို ဒုတိယ သမ္မတအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။

ယခုလ ၂၄ ရက်တွင် Bah N’Dawက သမ္မတအမိန့်စာ လက်မှတ်ထိုး၍ အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့သစ်အမည်စာရင်းကို ထုတ်ပြန်ခဲ့ရာ ယခင်အမျိုးသားပြည်သူ့ကယ်ဆယ်ရေးကော်မတီ၏ အဖွဲ့ဝင်နှစ်ဦး အမည်စာရင်းတွင် မပါဝင်ခဲ့ကြောင်း သိရသည်။ ထို့နောက် Bah N’Dawနှင့်Moctar Ouaneကို စစ်တပ်က ဗာမာလ်ကိုမြို့နှင့် (၁၅)ကီလိုမီတာအကွာ စစ်စခန်းကို ခေါ်ဆောင်သွားခဲ့ပြီး အသွင်ကူးပြောင်းရေးအစိုးရသစ် အမည်စာရင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

Goita၏ မေ ၂၅ ရက် ကြေညာချက်တွင် မာလီနိုင်ငံရေး အသွင်ကူးပြောင်းအဆင်ပြေချောမွေ့စေဖို့ Bah N’Dawနှင့်Moctar Ouane တာဝန်မှရပ်စဲခံလိုက်ရကြောင်း ဆိုသည်။ ထိုနေ့မှာပင် အနောက်အာဖရိကနိုင်ငံများစီးပွားရေးအသိုက်အဝန်း(ECOWAS)ကိုယ်စားလှယ်အဖွဲ့ မာလီသို့ သွားရောက်၍ ယင်းနိုင်ငံ၏အခြေအနေကို ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)马里军方说马里过渡总统和过渡总理已辞职

新华社达喀尔5月26日电(记者邢建桥)巴马科消息:马里军方26日晚说,马里过渡总统巴•恩多和过渡总理莫克塔•瓦内已于当天辞职。
马里过渡副总统阿西米•戈伊塔的特别顾问巴巴•西塞在巴马科举行的新闻发布会上说,恩多和瓦内当天在西非国家经济共同体(西共体)代表团团长、尼日利亚前总统古德勒克•乔纳森在场的情况下辞去一切职务。

西塞说,恩多和瓦内辞职后,被扣留人员会被释放,但出于安全原因,他们将被“逐步释放”。
2020年8月,马里发生军人哗变。同年9月,由哗变军人成立的全国人民救赎委员会宣布,前国防和退伍军人部长恩多被任命为过渡总统,全国人民救赎委员会主席戈伊塔被任命为过渡副总统。

本月24日,恩多签署总统令,宣布新一届过渡政府组成名单,但前全国人民救赎委员会的两名成员没有进入名单。随后,恩多和瓦内被军人带至距巴马科约15公里的一处军营,就新一届过渡政府名单进行“沟通”。戈伊塔25日发表声明说,恩多和瓦内已被解除职务,以便马里政治过渡顺利进行。同一天,西共体代表团前往马里,就该国局势进行斡旋。(完)

图说1: 这是2020年9月25日马里过渡总统巴•恩多在首都巴马科宣誓就职的资料照片。 新华社/法新