Connect with us

Europe

ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ အာဒိုဂန် နှင့် ပူတင် ဖုန်းဆက်ဆွေးနွေး

တူရကီနိုင်ငံသမ္မတ အာဒိုဂန်နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်တို့ မော်စကိုမြို့၌ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်ကတွေ့ဆုံစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ မော်စကို ၊ မတ် ၆ ရက်(ဆင်ဟွာ)
တူရကီနိုင်ငံသမ္မတ အာဒိုဂန် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်တို့သည် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ မတ် ၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေသတွင်း လူသားချင်းစာနာထောက်ထားမှု အခက်အခဲလျော့ပါးစေရန်အတွက် အထွေထွေအပစ်အခတ်ရပ်စဲရေးတစ်ခု ချက်ချင်းဖော်ဆောင်ရန် နှင့် အရေးပေါ် နိုင်ငံရေးညှိနှိုင်းအဖြေရှာမှုတစ်ခုကို ခွင့်ပြုရန် တိုက်တွန်းကြောင်း သမ္မတ အာဒိုဂန်၏ ပြောကြားချက်ကို ကိုးကား၍ တူရကီသမ္မတရုံးက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အာဒိုဂန်က အပစ်အခတ်ရပ်စဲရေးတစ်ခု၏ အရေးပါပုံကို အလေးအနက်ပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုစင်္ကြံတစ်ခုဖွင့်လှစ်ရေး နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု လက်မှတ်ထိုးရေးတို့ကိုလည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဖြစ်နိုင်သမျှအမြန်ဆုံး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းရေးအတွက် တူရကီနိုင်ငံက ပူးပေါင်းပါဝင်ရန် အသင့်ရှိကြောင်း အာဒိုဂန်က ပူတင်အားပြောကြားခဲ့သည်။
ထိုသို့နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုအတွင်း အထူးစစ်ဆင်ရေးဆိုင်ရာ လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ ပူတင်က အာဒိုဂန်အား ရှင်းလင်း ပြောကြားခဲ့ပြီး ယင်းစစ်ဆင်ရေး၏ အဓိကရည်မှန်းချက်များ နှင့် ဦးတည်ချက်များကိုလည်း အသေးစိတ်ရှင်းပြခဲ့ကြောင်း ရုရှား ကရင်မလင်နန်းတော်က ဆိုသည်။
ပဋိပက္ခအား ဖြေရှင်းရန်အတွက် ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းအာဏာပိုင်များ ၊ နိုင်ငံခြားမိတ်ဖက်များနှင့်အတူ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ပူတင်က ဆိုသည်။
လာမည့် ရုရှား-ယူကရိန်း ဆွေးနွေးပွဲများအတွင်း ယူကရိန်းနိုင်ငံကိုယ်စားပြု ဆွေးနွေးသူများအနေဖြင့် ပိုမိုအပြုသဘောဆောင်သည့်ချဉ်းကပ်မှုပုံစံဖြင့် ညှိနှိုင်းဆွေးနွေးရန် ၎င်းအနေဖြင့်မျှော်လင့်ကြောင်း ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)
…………………….
(English Version)
Erdogan, Putin discuss Ukraine crisis over phone
ANKARA/MOSCOW, March 6 (Xinhua) — Turkish President Recep Tayyip Erdogan and Russian President Vladimir Putin on Sunday held a phone conversation to discuss the situation in Ukraine.
Erdogan was quoted in a statement by the Turkish Presidency as saying that an urgent general ceasefire would alleviate humanitarian concerns in the region and allow for the emergence of a political solution.
Erdogan also emphasized the importance of achieving a ceasefire, opening humanitarian corridors and signing a peace agreement.
Turkey is ready to contribute to resolving the Ukraine crisis by peaceful means as soon as possible, Erdogan told Putin.
Putin informed Erdogan about the current situation of the special military and explained in detail the operation’s main goals and objectives, according to the Kremlin.
Russia is ready for dialogue with the Ukrainian authorities and foreign partners to resolve the conflict, said Putin.
The Russian president also expressed his hope that during the planned next round of negotiations, the representatives of Ukraine will take a more constructive approach.
Photo – Russian President Vladimir Putin (R) meets with his Turkish counterpart Recep Tayyip Erdogan in Moscow, Russia, on March 5, 2020. (Sputnik/Handout via Xinhua)