Connect with us

International Organizations

၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး ဆွဲတင်နိုင်မည်ဟု ကမ္ဘာ့ဘဏ် မျှော်မှန်း

ကုန်တင် သင်္ဘော တစ်စင်း ကျောက်ချ ရပ်နားထားခြင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

လာမည့် နှစ်များအတွင်း ကမ္ဘာ့ စီးပွားရေး အတန်အသင့် နာလန်ထူလာနိုင်လိမ့်မည် ဖြစ်ကြောင်းနှင့် စီးပွားရေး တိုးတက်မှုနှုန်း အနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၂.၇ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၂.၉ ရာခိုင်နှုန်း ရှိနိုင်မည်ဟု ကမ္ဘာ့ ဘဏ်က ဇန်နဝါရီလ ၁၀ ရက်က ထုတ်ပြန်လိုက်သည့် နောက်ဆုံး အစီရင်ခံ၌ ပြောကြားထားသည်။

၂၀၁၇ ခုနှစ်တွင် စီးပွားရေး တိုးတက်နှုန်းမှာ ၂၀၁၆ ခုနှစ်ကထက် ပိုမြန်နိုင်ကြောင်း၊ သို့သော်လည်း ၂၀၁၆ ခုနှစ် ဇွန်လက ခန့်မှန်းထားသည်ထက် ဝ.၁ ရာခိုင်နှုန်း နည်းပါးခဲ့ကြောင်း ကမ္ဘာ့ စီးပွားရေး မျှော်မှန်းချက် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဈေးကွက် ပေါ်ထွန်းစ နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် စီးပွားရေး တိုးတက်မှု နှေးကွေးစေမှုများ အထူးသဖြင့် ကုန်စည် ဈေးနှုန်းများ ခိုင်မာလာခြင်းကို ဖယ်ရှားနိုင်ခြင်းကြောင့် စီးပွားရေး တိုးတက်မှုမှာ အနည်းငယ် အရှိန်ရလာခြင်း ဖြစ်ကြောင်း ဝါရှင်တန် အခြေစိုက် ငွေထုတ်ချေးသူများက မှတ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံများ၏ စီးပွားရေးသည် ၂၀၁၇ ခုနှစ်တွင် ၄.၂ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၄.၆ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းထားသည်။

အဆိုပါနိုင်ငံများ၏ စီးပွားရေးများသည် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့ စီးပွားရေး မြှင့်တင်ရာတွင် ၁.၆ ရာခိုင်နှုန်း ကူညီပေးနိုင်မည် ဖြစ်ကြောင်း၊ ယင်းပမာဏသည် ၂၀၁၃ ခုနှစ်မှစ၍ အဆိုပါ နိုင်ငံများ၏ စီးပွားရေးသည် ကမ္ဘာ့ စီးပွားရေး တိုးတက်မှုတွင် ၆၀ ရာခိုင်နှုန်းခန့် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.