Connect with us

China

တရုတ်-အာဆီယံ ဆက်ဆံရေးသည် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ အတက်ကြွဆုံးစံနမူနာဖြစ်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) မှ သံတမန်များနှင့် ပေကျင်းမြို့၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)သည် ပြီးခဲ့သော ဆယ်စုနှစ် သုံးခုကျော်ကာလအတွင်း ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ အလားအလာအကောင်းဆုံးနှင့် အတက်ကြွဆုံး စံနမူနာတစ်ခုကို တည်ဆောက်ခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝန်ကြီး ဝမ်ရိက ယနေ့ မတ် ၇ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်-အာဆီယံ ဆက်ဆံရေးသည် အကန့်အသတ်မရှိကြောင်း နှင့် ပို၍ပင် နီးစပ်မှုကြီးထွားလာခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားဥပဒေပြုအဖွဲ့၏ နှစ်ပတ်လည် ပုံမှန်အစည်းအဝေး ဆက်စပ်အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝမ်က အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ နှင့် အာဆီယံသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်သူများဖြစ်ကြောင်း ၊ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ရှေးပြေးဖြစ်ရမည်ဖြစ်ကြောင်း နှင့် အာရှ-ပစိဖိတ် ဒေသတည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းသူများဖြစ်ကြကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင် ဝမ်ရိက အာရှ-ပစိဖိတ်ဒေသည် အဓိက အင်အားကြီးပြိုင်ဖက်များအတွက် “စတုရင်ကစားကွင်း”တစ်ခုမဖြစ်သင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ အာဆီယံနိုင်ငံများသည် ပထဝီနိုင်ငံရေးယှဉ်ပြိုင်မှုတစ်ခုတွင် စတုရင် “နယ်ရုပ်လေးများ” မဟုတ်ကြောင်း ၊ သို့သော် ၎င်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု နှင့် အကျိုးစီးပွားဖြစ်ထွန်းမှုကို မြှင့်တင်ရေး ကူညီသူများအဖြစ် အလွန်အရေးပါသော “စစ်တုရင်ကစားသမားများ” သာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

…………………..
(English Version)

China-ASEAN ties most dynamic model of regional cooperation: FM
BEIJING, March 7 (Xinhua) — China and the Association of Southeast Asian Nations (ASEAN) have established a model of the most dynamic and promising regional cooperation over the past three decades, Chinese State Councilor and Foreign Minister Wang Yi said Monday.
China-ASEAN relations have no limits and are sure to grow even closer, Wang said at a press conference on the sidelines of the annual session of the country’s national legislature.
He noted that China and ASEAN must be forerunners in international cooperation against COVID-19, pacesetters in regional cooperation, and defenders of stability in the Asia-Pacific region.
Wang said the Asia-Pacific region should not be a chessboard for major-power rivalry. ASEAN countries are not “chess pieces” in a geopolitical contest, but important “chess players” who will help promote regional development and prosperity. Enditem

Photo- Chinese State Councilor and Foreign Minister Wang Yi meets with diplomatic envoys of the Association of Southeast Asian Nations (ASEAN) countries in Beijing, capital of China, Nov. 14, 2021. (Xinhua/Shen Hong)