Connect with us

Social

မန္တလေး တိုင်းဒေသကြီး အတွင်း မူးယစ်ဆေးဝါးများ ၊ လက်နက်၊ ခဲယမ်းများ နှင့် အတူ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ လက်နက်၊ ခဲယမ်းများ နှင့် အတူ ဖမ်းဆီးရမိစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး အတွင်း မူးယစ်ဆေးဝါးရောင်းချသူနှင့် တစ်ဆင့် ပြန်လည် ရောင်းချသူ များအား မူးယစ်ဆေးဝါးများ နှင့် အတူ လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်ရှိ နေအိမ် အား ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းအရဝင်ရောက် ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ ဗီရိုအတွင်းမှ ဘိန်းဖြူ ၁၂ ဒသမ ၅ ဂရမ်ခန့်၊ ICE ၂ ဂရမ်ခန့်၊ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၈ ပြားနှင့် ဘိန်းဆီခဲ ၆၀ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၃ သိန်းကျော်)တို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများအရ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လမ်းသွယ်(၁)ရှိ နေအိမ်၌ သွားရောက်ရှာဖွေရာ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၀၅ ပြား၊ ဘိန်းဖြူ ၅ ဂရမ်ခန့်၊ ICE ၃၁၀ ဂရမ်ခန့်နှင့် ဘိန်းဆီခဲ ၈၃၂ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၆၈ သိန်းကျော်)တို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စုံစမ်းဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူသည် ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာ၊ ပုဂံလမ်းရှိ နေအိမ်တွင် ရှိနေကြောင်း သိရှိရသဖြင့် ရှာဖွေရာ 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀၈၅၈ ပြား၊ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၂၉ ခွက် (ခန့်မှန်း ၃၄၈ ဂရမ်ခန့်)၊ ICE ၁ ကီလိုခန့်၊ Coldifed စာတန်းပါ ဆူဒိုအက်ဖ်ဖီဒရင်းဆေးပြား ၁၃၀၀၀ ပြား၊ ဘိန်းဆီခဲ ၇၅၀ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၉၀၀၀ ကျော်)၊STAR S.A cal 7.65-32 စာတန်းပါ စပိန်နိုင်ငံလုပ် ၃၂ ဗို့ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၈၃ တောင့်၊ Mark IIအမျိုးအစား မော်တော်ယာဉ်အမှတ် YGN-7F/—— တစ်စီး၊ Luojia အမျိုးအစားနှင့် Viva အမျိုးအစား မော်တော် ဆိုင်ကယ်နှစ်စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထိုမူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား အောင်မြေသာစံ မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်ရဲစခန်းတို့တွင် ထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)