Connect with us

Social

Water Taxi များအား ယခုနှစ် နှစ်လယ်ပိုင်းခန့်တွင် စတင်ပြေးဆွဲနိုင်ရန် လျာထား

ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် သဗ္ဗန်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းမှုအား ဖြေရှင်းရန် ရန်ကုန်မြို့ရှိ မြစ်ချောင်းများအတွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် Water Taxi များအား ယခုနှစ် နှစ်လယ်ပိုင်းခန့်တွင် စတင်ပြေးဆွဲနိုင်ရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆင်ဟွာကိုပြောသည်။

ဒေါက်တာမောင်အောင်က “အဓိကက ယာဉ်ကြောပိတ်နေတာတွေကို ဖြေလျှော့နိုင်ဖို့ အတွက် လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ နိုင်ငံတကာ မှာလည်း မြစ်ကြောင်းနဲ့ သယ်ယူ ပို့ဆောင်ရေးကို အသုံးပြုကြပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒါကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကြိုးစားကြည့်တာပါ’’ ဟုပြောသည်။

လက်ရှိတွင် လှိုင်မြစ် နှင့် ငမိုးရိပ်ချောင်း တွင် Water taxi များ ပြေးဆွဲသွားမည်ဖြစ်ပြီး နောက်ပိုင်း တွင် သီလဝါဘက်ကိုပါပြေးဆွဲနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဒေါက်တာမောင်အောင်က “လှိုင်သာယာ၊မြောက်ဒဂုံ၊ ရွှေပြည်သာ ဘက်ကလူတွေဆို ရင် ပန်းဆိုးတန်းကို တန်းရောက်မယ်။ ဘတ်စ်ကားပြောင်းစီးစရာ မလိုတော့ဘူး။ဆိပ်ကမ်း အထိ အမြန်ဆုံးရောက်နိုင်မယ့် နည်းလမ်း၊ အချိန်လည်းမြန်အောင် လုပ်ထားတယ်’’ ဟုပြောသည်။

ရှပ်ပြေးယာဉ်များ နှင့် သဘောၤများ ဖြင့် ပြေးဆွဲရန်ရည်ရွယ်ထားကြောင်း၊ လှိုင်မြစ်တွင် ပြေးဆွဲမည့် သဘောၤတွင်ခရီးသည် ၆၀၊ ၁၀၀ ဆန့် သဘောၤဖြင့်ပြေးဆွဲရန်လျာထားကြောင်း သိရသည်။ ခရီးသည်များ အတွက်လုံခြုံမှုရှိစေရန် ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသက်အာမခံ၊ အသက်ကယ်အင်္ကျ ီအပါဝင် ကျွမ်းကျင်သည့် ရေယာဉ်မောင်းသူများကို သာ အသုံးပြုသွားမည်ဟုဆိုသည်။

ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် Water Taxi အတွက် အဆိုပြုထားသော ကုမ္ပဏီအပြီးသတ်တင်ဒါရွေးချယ်ခဲ့ပြီး မြန်မာသင့်တင့်ကုမ္ပဏီကို ရွေးချယ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.