Connect with us

Asia

လမ်းတံတားတည်ဆောက်ရာတွင် တရုတ်နိုင်ငံ၏အကူအညီပေးမှုက ဖိလစ်ပိုင် အဓိက အခြေခံအဆောက်အဦ အဆင့်မြှင့်တင်ရာ၌ အထောက်အကူ ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ ဒူတာတေး ပြောကြား

တရုတ်နိုင်ငံ အစိုးရမှ ကူညီတည်ဆောက်ပေးသော ဖိလစ်ပိုင်နိုင်ငံ Binondo-Intramuros မြစ်ကူးတံတားစီမံကိန်း ဖွင့်လှစ်ပြေးဆွဲခြင်းအခမ်းအနားသို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး တက်ရောက်အမှာစကားပြောကြားနေသည်ကို ဧပြီ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ ကူညီတည်ဆောက်ပေးသော ဖိလစ်ပိုင်နိုင်ငံ Binondo-Intramuros မြစ်ကူးတံတားစီမံကိန်း ဖွင့်လှစ်ပြေးဆွဲခြင်းအခမ်းအနားကို ဧပြီ ၅ ရက်က မနီလာတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို ဖိလစ်ပိုင်သမ္မတ ဒူတာတေး တက်ရောက်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ရာ ယင်းစီမံကိန်းသည် ဖိလစ်ပိုင် အဓိကအခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေကြောင်း ဆိုသည်။

တရုတ်နိုင်ငံ အစိုးရမှ ကူညီတည်ဆောက်ပေးသော ဖိလစ်ပိုင်နိုင်ငံ Binondo-Intramuros မြစ်ကူးတံတားစီမံကိန်း ဖွင့်လှစ်ပြေးဆွဲခြင်းအခမ်းအနားတွင် ဖိလစ်ပိုင် သမ္မတ ဒူတာတေး နှင့် တရုတ်နိုင်ငံ သံအမတ်ကြီး ဟွမ်ရှီးလျန် တွေ့ဆုံဆွေးနွေးနေသည်ကို ဧပြီ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဤစီမံကိန်းသည် မနီလာဒေသ လမ်းပန်းဆက်သွယ်ရေးကို အဆင်ပြေချော့မွေ့စေကြောင်း၊ သွားလာရာတွင် လွယ်ကူအဆင်ပြေစေသလို ဖိလစ်ပိုင်စီးပွားရေး ပြန်လည်နိုးထရန်အတွက် အထောက်အကူ ဖြစ်စေကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမ်ကြီး ဟွမ်ရှီးလျန်က အမှာစကားပြောကြားရာတွင် တံတားကြီး တည်ဆောက်ပြီးစီး ဖွင့်လှစ်နိုင်ခြင်းသည် “ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက် နှင့် ဖိလစ်ပိုင်၏ “အကြီးအကျယ် အထူးတည်ဆောက်မှု”စီမံကိန်းချိန်ဆက်မှု၏ တိုးတက်မှုကြီး ဖြစ်ကြောင်း ၊ ဒေသအပြန်အလှန်ချိန်ဆက်မှုကို အားကောင်းစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်သလို ဖိလစ်ပိုင်းစီးပွားရေးနှင့်လူမှုဘဝ ပြန်လည်ကောင်းမွန်ရေးအတွက် တွန်အားဖြစ်ရာ ပြည်သူချင်း စိတ်ချင်းဆက်နွယ်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ယုံကြည်မှုနှင့်ချစ်ကြည်ရေး ပို၍ နက်ရှိုင်းရေးအတွက် အကျိုး ဖြစ်ထွန်းစေကြောင်း ပြောကြားခဲ့သည်။ လာမည့်ကာလများအတွင်း ပို၍များပြားသော တရုတ်-ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အကောင်အထည်ဖော်ဆောင်မည်ဖြစ်ရာ ပြည်သူ့အကျိုးဖြစ်ထွန်းအောင် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင် ပြည်သူ့ဆောက်လုပ်ရေးနှင့်ကုန်းလမ်းရေးရာဝန်ကြီးဌာန အတွင်းဝန် Roger Mercadoက ယခုတံတားကြီးသည် ဖိလစ်ပိုင်-တရုတ် ချစ်ကြည်ရေး၏ အမှတ်သင်္ကေတပြီး ညပိုင်း တံတား မီးများ ထွန်းလင်းချိန် မနီလာ၏ အထင်ကရနေရာသစ်နှင့် အကောင်းဆုံးသော ရှုမြင်ကွင်း ဖြစ်ကြောင်း ဆိုသည်။

Binondo-Intramurosတံတားသည် မနီလာမြို့ တရုတ်တန်းလမ်းတည်ရှိရာ Binondoနှင့် ၁၆ ရာစုက စတင်တည်ဆောက်ထားသည့် စပိန်တော်ဝင်မြို့Intramurosကို ချိန်ဆက်ထားခြင်း ဖြစ်သည်။ နှစ်ဘက်သွား လေးလမ်းအကျယ် ရှိသည့် ယင်းတံတားကြီးတွင် နေ့စဉ်ကားဖြတ်သန်းသွားလာမှုပမာဏ ၃ သောင်းခန့်ရှိမည်ဟု ခန့်မှန်းရကာ ဖိလစ်ပိုင်၏ “အကြီးအကျယ် အထူးတည်ဆောက်မှု”၏ အထင်ကရ စံတင်စီမံကိန်းတစ်ခု ဖြစ်သည်။ (Xinhua)

……………………..
(Chinese Version)
菲律宾总统:中方援建桥梁助菲提升核心基础设施水平
2022-04-05 23:55:09
新华社马尼拉4月5日电(记者闫洁 刘锴)中国政府援建菲律宾比农多-王城跨河公路桥项目通车仪式5日在马尼拉举行。菲总统杜特尔特出席仪式时感谢中方援助,表示这一项目有助于菲提升核心基础设施水平。
杜特尔特说,这一项目有利于马尼拉地区交通畅通,为人员流通提供便利,将助力菲律宾经济复苏。
中国驻菲律宾大使黄溪连在致辞时表示,大桥建成通车标志着“一带一路”倡议与菲律宾“大建特建”规划对接取得新的重大进展,不仅将有力促进当地互联互通、推动菲经济和民生恢复,还有利于增进民心相通,加深两国人民之间的信任与友谊。未来一段时间,更多中菲合作项目将落地,转化为更多惠民成果。
出席仪式的菲律宾公共工程和公路部代理部长罗杰·梅尔卡多说,这座大桥是菲中友谊的象征。夜晚大桥点亮灯光后,将成为马尼拉的新地标和绝佳观景点。
比农多-王城大桥连接马尼拉唐人街所在的比农多区和始建于16世纪的西班牙王城,双向四车道,预计日均车流量将达到3万辆,是菲律宾“大建特建”规划旗舰项目之一。(完)
图说1:4月5日,菲律宾总统杜特尔特在马尼拉出席中国政府援建菲律宾比农多-王城跨河公路桥项目通车仪式时发表讲话。新华社发(乌马利摄)
图说2:4月5日,菲律宾总统杜特尔特(前中)在马尼拉出席中国政府援建菲律宾比农多-王城跨河公路桥项目通车仪式时与中国驻菲律宾大使黄溪连(左二)交谈。 新华社发(乌马利摄)