Asia
သီရိလင်္ကာနိုင်ငံ သမ္မတ ရာထူးမှနုတ်ထွက်မည်မဟုတ်ဟု အစိုးရအဖွဲ့ အကြီးအကဲပြော
ကိုလံဘို၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa သည် မည်သို့သော အခြေအနေအောက်တွင်မဆို ရာထူးမှနုတ်ထွက်လိမ့်မဟုတ်ကြောင်း အစိုးရအဖွဲ့အကြီးအကဲ Whip Johnston Fernando က လွှတ်တော်တွင် ဧပြီ ၆ ရက်၌ ပြောကြားခဲ့သည်။
Fernando က နိုင်ငံသား ၆.၉ သန်းသည် သမ္မတအား မဲပေးထားကြောင်း ဧပြီ ၆ ရက် လွှတ်တော်အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
“အစိုးရတာဝန်ရှိသူတစ်ဦးအနေနဲ့ သမ္မတ Gotabaya Rajapaksa ဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို သူ့ရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် အသေအချာပြောနိုင်ပါတယ်။ ဒီစိန်ခေါ်မှုကို ကျွန်တော်တို့ ရင်ဆိုင်သွားမှာပါ ” ဟု Fernando က ပြောခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးကလည်း သီးခြားစီရပ်တည်သွားမည်ဟု ဧပြီ ၅ ရက်က ကြေညာခဲ့ခြင်းကြောင့် အာဏာရ Sri Lanka Podujana Peramuna (SLPP) ပါတီအနေဖြင့် လွှတ်တော်တွင် အများစုနေရာ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………………
(English Version)
Sri Lankan president will not resign: chief government whip
Source: Xinhua| 2022-04-06 20:23:30|Editor: huaxia
COLOMBO, April 6 (Xinhua) — Sri Lankan President Gotabaya Rajapaksa will not resign under any circumstance, Chief Government Whip Johnston Fernando told the parliament on Wednesday.
Addressing the parliament session on Wednesday, Fernando said 6.9 million citizens of the country had voted for the president.
“As a member of a responsible government, I can assure you that President Gotabaya Rajapaksa will not resign from his post under any circumstances. We will face this challenge,” Fernando said.
The ruling Sri Lanka Podujana Peramuna (SLPP) lost its majority in the parliament as 42 members of parliament (MPs) on Tuesday announced they would sit independently. ■
Photo : Sri Lankan President Gotabaya Rajapaksa speaks at the 73rd Independence Day parade in Colombo, Sri Lanka on Feb. 4, 2021. Sri Lanka celebrated its 73rd Independence Day on Thursday with a parade held at Independence Square in the capital city of Colombo. (Photo by Ajith Perera/Xinhua)