Connect with us

Breaking News

အလက်စကာ အရှေ့တောင်ပိုင်းတွင် ပြင်းအား ၈.၂ အဆင့်ရှိသော ငလျင်လှုပ်၊ ဆူနာမီသတိပေးချက် နှိုးဆော်ထား

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Kodiak ကျွန်း အရှေ့တောင်ဘက် ၂၇၈ ကီလိုမီတာတွင် ဇန်နဝါရီလ ၂၃ ရက် ဂရင်းနစ် စံတော်ချိန် ၉း၃၁ နာရီ၌ ပြင်းအား ၈.၂ အဆင့်ရှိသော အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ပြောကြားခဲ့သည်။

ကနဦး တိုင်းတာချက်အရ ငလျင်မှာ မြောက်လတ္တီကျု ၅၅.၉၅၅ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၁၄၉.၂၂၇ ဒီဂရီ၊ မြေအောက်အနက် ၁၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်ကြောင့် အလက်စကာပြည်နယ်နှင့် ကနေဒါနိုင်ငံရှိ နယ်မြေများနှင့် အမေရိကန်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း တစ်ခုလုံးအတွက် ဆူနာမီ သတိပေးချက် နှိုးဆော်ထားကြောင်း အမေရိကန် ဆူနာမီ သတိပေးစနစ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.