Connect with us

Education & Health

တိုင်းရင်းဆေးထုတ်လုပ်မှု အဆင့်မြှင့်ရေး အောင်မြင်ရန် ကြိုးပမ်းဖို့ ဒု-သမ္မတ တိုက်တွန်း

(၁၇) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ၏ ညီလာခံတွင် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ အဖွင့် မိန့် ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ့ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများကို GMP (Good Manufacturing Practice) နည်းစဉ်ဖြင့် အဆင့်မြှင့် ပြောင်းလဲ ထုတ်လုပ်သည့် လုပ်ငန်းကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက မြန်မာ့တိုင်းရင်းဆေး သမားတော်များ၏ (၁၇)ကြိမ်မြောက် ညီလာခံတွင် တိုက်တွန်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ံရဲ့ ရေ မြေ တော တောင် အတွင်းမှာ ပေါက်ရောက်နေတဲ့ အစွမ်းထက် ဆေးပင်တွေကို ဖော်ထုတ် ထိန်းသိမ်းဖို့ ၊ အဲဒီထက် တစ်ဆင့်တက်ပြီး မျိုးပွားဖို့၊ စိုက်ပျိုး ထုတ်လုပ် အသုံးချနိုင်ဖို့နဲ့ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများကို GMP (Good Manufacturing Practice) နည်းစဉ်ဖြင့် အဆင့်မြှင့် ပြောင်းလဲ ထုတ်လုပ်နိုင်ရေးအတွက် စတင် ဆောင်ရွက်နေပြီဆိုတာ သိရလို့ ဒီလုပ်ငန်းတွေကို အောင်မြင်အောင် ကြိုးစား ဆောင်ရွက်ကြပါလို့တိုက်တွန်းချင်ပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည့် အဆိုပါ ညီလာခံ နှင့် မြန်မာ့ တိုင်းရင်း ဆေး ပညာရှင်များ နှီးနှော ဖလှယ်ပွဲတွင် ဒုတိယ သမ္မတ (၁)က ပြောခဲ့ ခြင်းဖြစ်သည်။

(၁၇) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ၏ ညီလာခံ အခမ်းအနားမြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

(၁၇) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံ၏ တိုင်းရင်းဆေး ပြခန်းများအတွင်း ဒုတိယ သမ္မတ(၁) နှင့် အဖွဲ့ လှည့်လည် ကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက “တိုင်းရင်းဆေးနဲ့ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှု ပေးရေး၊ မြန်မာ့ တိုင်းရင်း ဆေးပညာ ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ သုတေသန လုပ်ငန်းများ၊ တိုင်းရင်းဆေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ အန္တရာယ်ကင်းပြီးအကျိုး အာနိသင် ထက်မြက် တဲ့ ဆေးဝါးများ ထုတ်လုပ်ရေး၊ မျိုးတုံး ပျောက်ကွယ်တော့မယ့် ပရဆေးပင်များ ထိန်းသိမ်း စောင့်ရှောက်ရေး၊ မြန်မာ့ တိုင်းရင်းဆေး အမွေအနှစ်များ မူပိုင်ခွင့် ရရှိရေးနဲ့ သက်ဆိုင်ရာ ကဏ္ဍများမှာ အာဆီယံနဲ့ ကမ္ဘာ့ အဆင့် ထိ အဆင့်မီအောင် ဆောင်ရွက်နိုင်ရေး စသဖြင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖွယ်ရာများ များပြား လှပါတယ်၊ ဒီလုပ်ငန်းတွေ အားလုံး အောင်မြင် ပြီးမြောက်အောင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ တိုင်းရင်း ဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာ အသင်း၊ တိုင်းရင်းဆေး ထုတ်လုပ်သူ လုပ်ငန်းရှင်များနဲ့ တိုင်းရင်းေဆေး သမားတော် အပေါင်းက အတ္တ – ပရ ညီညွတ်မျှတစွာ ပူးပေါင်း ဆောင်ရွက်ကြပါလို့ တိုက်တွန်း ပြောကြားအပ်ပါတယ်”” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကို မြန်မာ့ တိုင်းရင်းဆေး ဘက်စုံ အဆင့်အတန်း မြင့်မားရေး၊ တိုင်းရင်းဆေး ပညာ အရည်အသွေး တိုးတက်ရေး၊ မြန်မာ့ တိုင်းရင်းဆေးဆရာတို့၏ ကျင့်ဝတ်သိက္ခာ မြင့်မား ရေး၊ မြန်မာ့ တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးကို ပိုမို စောင့်ရှောက်နိုင်ရေး ဟူသည့် ရည်ရွယ် ချက်များဖြင့် ၂၀၀၀ ခုနှစ်တွင် စတင် ကျင်းပခဲ့ရာ ယခုနှစ် ညီလာခံသည် (၁၇) ကြိမ်မြောက် ရှိပြီ ဖြစ်သည်။

အဆိုပါ ညီလာခံသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ အမျိုးသား လွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကော်မတီ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီတို့မှ ဥက္ကဋ္ဌများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အစိုးရ မဟုတ်သော အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေး ကောင်စီဝင် ဆရာကြီးများလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ညီလာခံ ကိုယ်စားလှယ်များနှင့် အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.