Connect with us

Education & Health

ဘီလင်းမြို့၌ အစာအဆိပ်သင့်ပြီး ဒေသခံ ၅၀ကျော် အော့အန်မှုများဖြစ်ပွား

ဘီးလင်းဆေးရုံကြီးတွင် အစာအဆိပ်သင့်သူများ ဆေးကုသမှု ခံယူနေရစဉ်(ဓာတ်ပုံ- မသီရိရတနာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ဘီးလင်းမြို့၌ ဒေသခံ ၅၀ကျော် အစာအဆိပ်သင့်ပြီး အော့အန်မှုများဖြစ်ပွားနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ဘီးလင်းမြို့၌ ဇန်နဝါရီ ၁၇ ရက်နေ့တွင် အ.ထ.က မြတ်ဆရာပူဇော်ပွဲကျင်းပပြီးနောက် ပွဲသို့လာရောက်သူများ မူးဝေခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းများဖြစ်ပေါ်ကာ ဘီးလင်းဆေးရုံသို့ ၃၂ဦးခန့် ရောက်ရှိ ဆေးကုသမှု ခံယူနေရကြောင်း၊ အဆိုပါ ပွဲတွင် အစားအသောက် အမျိုးအစား ၂၀ခန့်ကျွေးမွေးရာ ခေါက်ဆွဲကြော်စားသူ အများစု ယခုကဲသို့ ရောဂါခံစားရကြောင်း မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

“ ဆေးရုံမှာရှိတဲ့လူတွေအပြင် အဲဒီခေါက်ဆွဲကြော်ကို မစားတဲ့ ရွာကအခြားလူတွေပါ မူဝေအော့အန် ဝမ်းတွေ သွားတာဖြစ်လာတယ်၊ သူတို့တွေဘာစားလဲဆိုတော့ ဟင်းသီးဟင်းရွက်တွေ စားထားတယ်ဆိုတာ သိရတော့၊ အမတို့ကတော့ ဟင်းသီးဟင်းရွက်တွေမှာ ဖျန်းတဲ့ ပိုးသတ်ဆေးကြောင့် ဖြစ်တယ်လို့ ယူဆထားတယ်” ၎င်းက ဆိုသည်။

ဘီးလင်းဆေးရုံသို့ ဇန်နဝါရီ ၁၇ရက်နေ့ ညနေပိုင်းမှ စပြီး အစာအဆိပ်သင့်မှုကြောင့် လူနာများရောက်ရှိလာပြီး ယနေ့ ဇန်နဝါရီ ၁၈ရက်နေ့ မနက်ပိုင်းထိ ကလေးသုံးဦးအပါအဝင် လူနာ ၃၂ဦး ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ လက်ရှိတွင် ဆေးရုံ၌ ရောက်ရှိနေသူများသည် စိုးရိမ်ဖွယ် အခြေအနေမရှိဘဲ အသက်၇၄ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကိုသာ သထုံဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရန် လွှဲပြောင်းပေးထားကြောင်း ဘီးလင်းဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။

အဆိုပါ အစာအဆိပ်သင့်သူများအတွက် ဆရာစံရပ်ကွက်ရုံးတွင် ယာယီကုသရေးစခန်း ဖွင့်လှစ်ကာ စောင့်ဆိုင်းကုသပေးကာ လိုအပ်ပါက အချိန်မီဆေးရုံပို့နိုင်ရေးအတွက် စီစဉ်ပေးထားကြောင်း၊ ဘီးလင်းဆေးရုံရှိ အစာအဆိပ်သင့်လူနာများကို မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု့စစ်ဆေးမှုများလည်း ပြုလုပ်ပေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.