Connect with us

Education & Health

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၌ ခုတင်၅ဝဝဆံ့ဆေးရုံကြီး တည်ဆောက်ရန်စီစဉ်

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ခုတင်၅ဝဝ ဆံ့ ပြည်သူ့ဆေးရုံကြီး တစ်ရုံကို ဇန်နဝါရီလမှစတင်၍ အကောင် အထည်ဖော်ဆောက် လုပ်ရန် စီစဉ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ခုတင် (၅ဝဝ)ဆံ့ဆေးရုံကြီးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီး ဌာနသို့အပ်နှံကာ အဆောက်အအုံဦးစီးဌာန တည်ဆောက်ရေး(၁)၊ အဆောက်အအုံ အထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက် မည်ဖြစ်သည်။ ဆောက် လုပ်မည့်နေရာ မှာ ပဲခူးမြစ်လမ်းမကြီး အမှတ်(၂) သန်လျင်တံတားအတက် ပဲခူးမြစ် ကမ်းနားနံဘေး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.