Highlights
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ချစ်ကြည်ရေးခရီးစဉ်နှင့် G20 ထိပ်သီးအစည်းအဝေးတက်ရောက်ရန် အာဂျင်တီးနားနိုင်ငံသို့ ရောက်ရှိ

ဗျူရိုအေးရိစ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာဂျင်တီးနားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ၁၃ ကြိမ်မြောက် Group of 20 (G20) ထိပ်သီးအစည်းအဝေးတက်ရောက်ရန်အတွက်လည်းကောင်း ဗျူရိုအေးရိစ်မြို့သို့ နိုဝင်ဘာလ ၂၉ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံသည် သမ္မတ ရှီ၏ ဥရောပနှင့် လက်တင်အမေရိကခရီးစဉ်တွင် စပိန်နိုင်ငံပြီးနောက် ဒုတိယမြောက်သွားရောက်သည့်နိုင်ငံဖြစ်သည်။ (Xinhua)
Continue Reading