Connect with us

Sport

ယန်ဇီမြစ်ကို ဖြတ်ကူးမည့် ဆောင်းရာသီရေကူးသမား ၁,၀၀၀ ကျော်ရှိ

ယန်ဇီမြစ်ဖြတ်ရေကူးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝူဟန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ယန်ဇီမြစ်ဖြတ်ရေကူးပြိုင်ပွဲတွင် ဆောင်းရာသီ ရေကူးအားကစားသမား ၁,၀၀၀ ကျော် ပါဝင်မည် ဖြစ်ပြီး Wuxia ချောက်ကမ်းပါးနှင့် Xiling ချောက်ကမ်းပါးတို့ဆုံရာနေရာ၌ ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တစ်ဦးချင်း ကူးခတ်ခြင်းနှင့် လက်ဆင့်ကမ်း ကူးခတ်ခြင်း အပါအဝင် အမျိုးအစား လေးမျိုးပါဝင်မည့် အဆိုပါ ပြိုင်ပွဲတွင် အစားအသောက်ပွဲတော်တစ်ခုနှင့် ခရီးသွားဧည့်သည်များ ဆွဲဆောင်မှုအမျိုးမျိုးဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီက နိုဝင်ဘာလ ၂၈ ရက်တွင် ကြေညာခဲ့သည်။

ရေကူးခတ်ရာလမ်းကြောင်းအား ၁,၅၀၀ မီတာကျော်ဆွဲထားသည်။ ရေကူးသူများ ဘေးကင်းလုံခြုံစေရန် ပြိုင်ပွဲဝင်များအတွက် အသက်ကယ်စောင့်ရှောက်ရေး ကျွမ်းကျင်အဖွဲ့အား ပွဲဖြစ်မြောက်ရေးကော်မတီက စီစဉ်ထားကြောင်း သိရသည်။

Wuxia ချောက်နှင့် Xiling ချောက်ကမ်းပါးတို့သည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ နာမည်ကျော် ချောက်ကမ်းပါးသုံးခုအနက် နှစ်ခုဖြစ်ပြီး အခြားတစ်ခုမှာ Qutang ဖြစ်သည်။ (Xinhua)