Connect with us

Highlights

တရုတ် ကွန်မြူနစ်ပါတီ ရှန်ဟိုင်းမြို့ ကော်မတီ အထွေထွေ အတွင်းရေးမှူး ဟန်ကျိမ့် မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံ

တရုတ် ကွန်မြူနစ်ပါတီ ရှန်ဟိုင်းမြို့ ကော်မတီ အထွေထွေ အတွင်းရေးမှူး ဟန်ကျိမ့် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓာတ်ပုံ- ရှန်ဟိုင်း ဝက်ဘ်ဆိုဒ်)

ရန်ကုန် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို နိုင်ငံရေး ဗျူရို ကောင်စီဝင် ၊ ရှန်ဟိုင်းမြို့ ကော်မတီ အထွေထွေ အတွင်းရေးမှူး ဟန်ကျိမ့် (Han Zheng) သည် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကို တွေ့ဆုံခဲ့သည်။

ဟန်ကျိမ့် မှ ဧည့်သည်တော်များကို ရှန်ဟိုင်း ဖူတုန်း ဖွံ့ဖြိုးရေး ဆောင်ရွက်ရာ ၂၅ နှစ် အတွင်း ရှန်ဟိုင်း မြို့ လူမှု စီးပွားရေး တိုးတက်မှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့သည်။ ရှန်ဟိုင်းမြို့ ဖွံ့ဖြိုးရေး ဆောင်ရွက်ရာ ၂၅ နှစ် တာ ကာလသည် တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲရေး၏ အကျဉ်းချုပ် ပုံရိပ် တစ်ခု ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည် ယခုအကြိမ် တရုတ် နိုင်ငံ နှင့် ရှန်ဟိုင်းမြို့သို့ လည်ပတ်ခြင်းဖြင့် တရုတ် နိုင်ငံ ပြုပြင်ပြောင်းလည်းရေး၏ ကြီးမားသော အပြောင်းအလည်း များကို သိရှိမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ မိတ်ဘက် ပူးပေါင်း ဆက်ဆံရေး ကို လည်း တိုးမြှင့် နိုင်မည် ဖြစ်ကြောင်း ၊ ဟန်ကျိမ့် မှ ဧည့်သည်တော် များ စိတ်ဝင်စား မေးမြန်းခဲ့သည့် တရုတ် ကွန်မြူနစ် ပါတီ၏ ဖွဲ့စည်းပုံ ၊ ရှန်ဟိုင်းမြို့ပြ စီမံကိန်းများ ၊ လူမှု လုပ်ငန်း အာမခံချက်ရေးရာများ နှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဆိုင်ရာ ကိစ္စရပ် များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မှ မည်သည့် နိုင်ငံ မဆို မြို့ပြ ဖွံ့ဖြိုးရေး နှင့် လူမှုဘဝ တိုးတက်ရေးသည် ခွဲခြားထား၍ မရကြောင်း ၊ ရှန်ဟိုင်းမြို့ မှ ဤကဲ့တို့ ကြီးမားသော အောင်မြင်မှု ရရှိခဲ့ခြင်းသည် လူမှုဘဝ တိုးတက်ရေး ဆိုင်ရာ ကဏ္ဍတွင်လည်း ကိုယ်ပိုင် အောင်မြင်ရေး အတွေ့အကြုံများ ရှိခဲ့ကြောင်း ၊ ယခု လည်ပတ်ရေး ခရီးစဉ်သည် အချိန် အားဖြင့် တိုတောင်းသော်လည်း တရုတ် နိုင်ငံ၏ အခြေအနေ များစွာကို သိရှိခဲ့ရကြောင်း ၊ တရုတ် ကွန်မြူနစ်ပါတီ၏ အဂတိလိုက်စားမှု တိုက်ဖြတ်ရေး ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ပုံကို လွန်စွာ သဘောကျ မိကြောင်း ၊ မြန်မာ-တရုတ် အိမ်နီးချင်း ချစ်ကြည် ပူးပေါင်း ဆက်ဆံရေးသည် တနေ့တခြား ပိုမို ဖွံ့ဖြိုး တိုးတက်လာမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ တရုတ် ကွန်မြူနစ်ပါတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဥက္ကဌ ချိန်ဖုန့်ရှမ် (Chen Fengxiang) နှင့် ရှန်ဟိုင်းမြို့ ကော်မတီ အမြဲတန်း ကောင်စီဝင် နှင့် ကော်မတီ အတွင်းရေးမှူးချုပ် ရီဟုန် (Yin Hong) တို့တက်ရောက် ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.