Connect with us

Media

စမတ်နည်းပညာသုံး မောင်းသူမဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များအားစမ်းသပ်အသုံးပြု

လွီကျိုး၊ ကွမ်ရှီး၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

မြေတူးခြင်း၊ မြေဖို့ခြင်း၊ ပစ္စည်းများသယ်ယူခြင်းစသော လုပ်ငန်းများသည် ဆောက်လုပ်ရေးလုပ်သားများ လုပ်ဆောင်ရသည့် ဝန်အားမြင့်လုပ်ငန်းဆောင်တာများဖြစ်သည်။

လက်ရှိတွင် ထိုလုပ်ငန်းများကို စမတ်နည်းပညာသုံး မောင်းသူမဲ့ယာဉ်များဖြင့်လုပ်ဆောင်နိုင်ပြီဖြစ်သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွီကျိုးမြို့ တွင် မောင်းသူမဲ့ မြေတူးစက်များ၊ ဝန်ချီစက်များနှင့် လမ်းကြိတ်စက်များကို ဒီဇင်ဘာ ၃ ရက်က စမ်းသပ်အသုံးပြုခဲ့သည်။

Guangxi Liugong Group Co., Ltd.မှ တီထွင်ထုတ်လုပ်ခဲ့သည့် အဆိုပါ ကိရိယာအသစ်များအား cloud နည်းပညာကွန်ရက်ဖြင့်ထိန်းချုပ်ပြီး လုပ်ငန်းများကို အလိုအလျောက်လုပ်ဆောင်နိုင်ရန် ဖန်တီးထားသည်။

စက်ယန္တရားများသည် ၎င်းတို့ပတ်ဝန်းကျင်အခြေအနေများကို အာရုံခံနိုင်ပြီး လမ်းကြောင်းချထားခြင်းများကိုလုပ်ဆောင်နိုင်သည့်အပြင် အတားအဆီးများကိုလည်းရှောင်ရှားနိုင်သည်။

ထိုမောင်းသူမဲ့ စက်များကိုအသုံးပြုခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်ကိုချွေတာနိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

………………..

(English Version)

Smart, driverless construction vehicles put to test in S China

LIUZHOU, Guangxi, Dec. 4 (Xinhua) — Be it excavation, dumping, or lifting, construction work includes moving heavy loads.

Now the work could be done by smart and driverless vehicles.

In Liuzhou City, south China’s Guangxi Zhuang Autonomous Region, driverless excavators, loaders and compactors were put to test on Friday.

Developed by Guangxi Liugong Group Co., Ltd., the new equipment is controlled by a cloud platform that enables the machines to automatedly coordinate their work.