Connect with us

Media

တရုတ်နိုင်ငံ Xiaomi နည်းပညာလုပ်ငန်းစုက ဆော်ဒီအာရေဗျတွင် ပထမဆုံး Mi-store ဖွင့်လှစ်

ရီယာ့ဒ်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

စမတ်ဖုန်း လောကတွင် ကျော်ကြားသော တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် ၎င်း၏ပထမဆုံး Mi-store ကိုဆော်ဒီအာရေဗျတွင်ပြီးခဲ့သည့် ကြာသပတေးနေ့ကဖွင့်လှစ်ခဲ့သည်။ဆော်ဒီနိုင်ငံ Xiaomi ကုမ္ပဏီတာဝန်ခံ Wang Xingang က “ ဆော်ဒီနိုင်ငံက အားပေးကြသူတွေနဲ့ Xiaomi ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေနဲ့အတူ ကျွန်တော်တို့ ရဲ့ ပထမဆုံး Mi-store ကို ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ့်မြို့မှာ ကြာသပတေးနေ့က ဖွင့်လှစ်လိုက်တာပါ၊ လက်ရှိအချိန်အထိ ကျွန်တော်တို့ဟာဆော်ဒီနိုင်ငံမှာဈေးကွက်ရဲ့ ၁၂ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပြီးတော့ ‌ဒေသတွင်းမိုဘိုင်းဖုန်းအရောင်းဈေးကွက်မှာလူကြိုက်အများဆုံး နံပါတ် ၃ နေရာမှာရှိနေပါတယ်။ ကျွန်တော်တို့ဆော်ဒီဈေးကွက်အပေါ် အများကြီးမျှော်လင့်ထားပါတယ်။

အနာဂတ်မှာဆော်ဒီနိုင်ငံက အားပေးကြသူတွေအတွက် ထုတ်ကုန်ကောင်းတွေဆက်လက်ထုတ်လုပ်ဖို့နဲ့ဝန်ဆောင်မှုကောင်းတွေပေးနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်းဆက်ပြီးလုပ်သွားဦးမှာပါ။” ဟုဆိုသည်။

ဖုန်းဝယ်ယူသူတစ်ဦးဖြစ်သည့် Khalid Mohammad က “ကျွန်‌တော် Xiaomi ကိုကျေးဇူးတင်ပါတယ်၊ xiaomi ဟာ ဈေးကွက်ထဲမှာနာမည်ကောင်းရနေတာပါ၊ xiaomi ကထုတ်တဲ့ဖုန်းတွေဟာ ဈေးနှုန်းအစားစားရှိပါတယ်၊ ဈေးနှုန်းအမြင့်ဆုံးတွေရှိသလို ဈေးသင့်တင့်တဲ့ဖုန်းရော ဈေးချိုတဲ့ဖုန်းအထိပါထုတ်လုပ်ထားတာပါ။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ Mi-store ကိုလာဖွင့်ပေးလို့ဝယ်သူတွေအဆင်ပြေချောမွေ့စေတာမို့ xiaomiကိုကျေးဇူးတင်ပါတယ်။ ဒါဟာအံ့မခန်းအောင်မြင်မှုပါပဲ။ xiaomiရေ ထပ်ပြီးကျေးဇူးတင်တယ်နော်။ ကျွန်တော့်အိမ်မှာ Mi ဖုန်းတစ်လုံးရှိသေးတယ်ဗျ။ Mi မိုဘိုင်းဖုန်းတွေဟာ ကင်မရာတွေရော၊ စခရင်တွေရော ၊ ဘက်ထရီတွေမှာပါ ဆန်းသစ်မှုရှိပါတယ်။ ဆော်ဒီဈေးကွက်မှာတော့ Xiaomi ဟာ အောင်မြင်မှုရနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။” ဟုဆိုသည်။

Xiaomi ထုတ်ကုန်များကို တစ်ကမ္ဘာလုံးရှိ နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်၌ ဝယ်ယူရ ရှိနိုင်ပါသည်။ အ‌ရှေ့အလယ်ပိုင်းဒေသတွင် တူရကီ၊ ယူအေအီး၊ ကာတာနှင့် အစ္စရေးအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံ၌ Mi-store များ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)
…………………………..
GLOBALink | China’s Xiaomi opens 1st brick-and-mortar store in Saudi Arabia

RIYADH, June 5 (Xinhua) — China’s tech company Xiaomi, known for its smartphones, opened its first Mi-store in Saudi Arabia on Thursday.

Xiaomi products are available in more than 100 countries and regions around the world. In the Middle East, there are Mi-stores in eight countries including Turkey, the United Arab Emirates, Qatar and Israel.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.