Connect with us

Media

COVID-19 ကာကွယ်ရန် မောင်းသူမဲ့ယာဉ်ဖြင့် ထိတွေ့မှုကင်းသည့် သယ်ယူပို့ဆောင်ရေးစနစ်ဖော်ဆောင်

ကွမ်ကျိုး၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် COVID-19 ကာကွယ်ရန် အလို့ငှာ ကွာရန်တင်းထားရှိသည့် လူနေရပ်ကွက်များအတွက် ပစ္စည်းသယ်ယူပို့ဆောင်ရေးကို မောင်းသူမဲ့ယာဉ်ဖြင့်ပို့ဆောင်လျက်ရှိသည်။

ကွမ်ကျိုးမြို့တွင် မကြာသေးမီက COVID-19 ကူးစက်ခံရသူများ ပြန်လည် ပေါ်ပေါက်လာသောကြောင့် အချို့နေရာများတွင် ကပ်ရောဂါတိုက်ဖျက်ရေးအစီအမံများ ကိုတင်းကြပ်စွာဆောင်ရွက်ထားသည်။ လုပ်ငန်းများရပ်နားထားခြင်းအစီအမံများကို ဒေသအချို့တွင်အကောင်အထည်ဖော်ခဲ့ပြီး ဒေသခံများအနေဖြင့်လည်း တင်းကြပ်သည့်ကွာရန်တင်းအစီအမံများကို လိုက်နာကာ နေအိမ်အတွင်း၌သာ နေထိုင်ရန်ညွှန်ကြားထားသည်။

Robobus ဟုအမည်ရသည့် မောင်းသူမဲ့ယာဉ်သည် တစ်ကြိမ်လျှင် ကုန်ပစ္စည်း ၁.၂ တန်ခန့်အားသယ်ဆောင်နိုင်သည်။ ထိုကုန်ပစ္စည်းများထဲတွင် ထမင်းဘူးများ၊ လတ်ဆတ်သည့်အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ၊ ဆေးဝါးများနှင့်အခြားအထောက်အပံ့ပစ္စည်းများပါဝင်သည်။

လူတစ်ဦးမှ တစ်ဦးသို့ရောဂါပိုးကူးစက်ခြင်းအန္တရာယ်အားလျှော့ချနိုင်ရန် ထိတွေ့မှုကင်းသည့် ပုံမှန်သယ်ယူပို့ဆောင်ရေးကို အသုံးပြုခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

……………………………

Unmanned vehicles make contactless deliveries amid COVID-19 quarantine in Guangzhou, China

GUANGZHOU, June 5 (Xinhua) — Unmanned vehicles are making deliveries to residents under COVID-19 quarantine in Guangzhou, China.

Guangzhou has tightened anti-epidemic measures in parts of the city to curb the recent COVID-19 resurgence.

Closed-off management was implemented in some areas, where residents must follow strict quarantine measures and stay indoors.

The self-driving vehicles, called Robobus, can carry up to 1.2 tonnes of goods at one time, including boxed meals, fresh fruits, vegetables, medicines, and other supplies.

They provide a “contactless” alternative to regular deliveries, helping reduce the risk of person-to-person infection.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.