Connect with us

Media

ရှေးဟောင်းသင်္ဘောပျက်များအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ၅၈၀ ဖော်ထုတ်ရရှိ

ဟိုင်ခို၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်အတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းသင်္ဘောပျက်နှစ်စင်းမှ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ၅၈၀ နီးပါး ဖော်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသားယဉ်ကျေးမှု အမွေအနှစ်စီမံခန့်ခွဲရေးဌာနက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ကြွေထည် ၊ မြေအိုးနှင့် သစ်သားများ ပါဝင်သည့် ရုပ်ကြွင်းပစ္စည်းများသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်ဘိုးဘေးများက စူးစမ်း၊ အသုံးပြု ကုန်သွယ်ခဲ့ကြသည်ကို ခိုင်မာအားကောင်းသော သက်သေ ပြလျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲ၌ စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့သည်။

မင်မင်းဆက် (၁၃၆၈-၁၆၄၄) က သင်္ဘောပျက်နှစ်စင်းအား ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၁,၅၀၀ ခန့်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ယင်းမှာ ရှေးဟောင်းပင်လယ်ရေကြောင်းပိုးလမ်းမတစ်လျှောက် ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဖလှယ်မှုများ၏ အရေးကြီးသောသက်သေတစ်ခု ဖြစ်သည်ဟု ဆိုသည်။ (Xinhua)

………………………..
(English Version)
580 pieces of relics retrieved from ancient shipwrecks
Nearly 580 pieces (sets) of cultural relics have been unearthed from two ancient shipwrecks discovered in the South China Sea, according to the National Cultural Heritage Administration on Thursday.
The relics, which include porcelain, pottery, and timber, provide concrete evidence that the Chinese ancestors explored, utilized, and traded in the South China Sea, said the administration at a press conference.
The two shipwrecks from the Ming Dynasty (1368-1644) were found about 1,500 meters below sea level, it said, adding that they are an important witness of trade and cultural exchanges along the ancient Maritime Silk Road.
Xinhua News Agency correspondents reporting from Haikou, China.(XHTV)