Connect with us

Media

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသရှိ ဒေသခံလူနေအိမ်ရာ ထက်ဝက်ခန့် ပျက်စီး

ဂါဇာ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ဂါဇာဒေသအား အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းဒေသခံ လူနေအိမ်ရာ ၅၀ ရာခိုင်နှုန်းခန့်မှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝ ထိခိုက်ပျက်စီးခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူများက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

“အစ္စရေးတိုက်ခိုက်မှုက လူနေအဆောက်အအုံတွေ ၊ အများပြည်သူ အသုံးပြုတဲ့ အဆောက်အဦတွေ နဲ့ ဝန်ဆောင်မှုပေးတဲ့ အဆောက်အဦတွေကို တမင်သက်သက်ဖျက်ဆီးတာ ဖြစ်ပါတယ်” ဟု ဟားမက်စ် အစိုးရမီဒီယာရုံး အကြီးအကဲ Salama Maarouf က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
Half of residential units in Gaza damaged by Israeli airstrikes: official
About 50 percent of the Palestinian residential units were partially or completely damaged by the ongoing Israeli attacks on the coastal enclave, a Palestinian official said on Sunday.
“The Israeli occupation is deliberately damaging the residential buildings, public facilities, and service facilities,” Salama Maarouf, head of the Hamas-run government media office in Gaza, said in a press statement.
Xinhua News Agency correspondents reporting from Gaza.(XHTV)