Connect with us

Media

ဟန်ကျိုးအာရှမသန်စွမ်းအားကစားပွဲ တရားဝင်ဖွင့်လှစ်

ဟန်ကျိုး၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ စတုတ္ထအကြိမ်မြောက် အာရှမသန်စွမ်းအားကစားပွဲအား အောက်တိုဘာ ၂၂ ရက် ညနေပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ဟန်ကျိုးအာရှမသန်စွမ်းအားကစားပွဲအား အောက်တိုဘာ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံနှင့်ဒေသ ၄၄ ခုမှ အားကစားသမား ၃,၁၀၀ နီးပါးက ပွဲစဉ်ပေါင်း ၅၆၄ ပွဲ ၊ အားကစားနည်း ၂၂ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် အားကစားသမား ၄၃၉ ဦး အပါအဝင် အဖွဲ့ဝင် ၇၂၃ ဦး ပါရှိသည့် ကိုယ်စားလှယ်အဖွဲ့က အားကစားနည်း ၂၂ မျိုးဖြင့် ပွဲစဉ်ပေါင်း ၃၉၇ ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
Hangzhou Asian Para Games officially open
The 4th Asian Para Games kicked off on Sunday evening in Hangzhou, east China’s Zhejiang Province.
Nearly 3,100 athletes from 44 countries and regions will take part across 22 sports and 564 events at the Hangzhou Asian Para Games, which runs through Oct. 28.
China revealed a delegation of 723 members, including 439 athletes who will compete in 397 events across all 22 sports.
Xinhua News Agency correspondents reporting from Hangzhou, China.(XHTV)