Connect with us

Media

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုတိယအသုတ် ထောက်ပံ့ရေးပစ္စည်းများ ရာဖာနယ်စပ်မှ ဂါဇာကမ်းမြောင်သို့ ဝင်ရောက်

ကိုင်ရို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်ထားသည့် ထရပ်ကား ၁၇ စီးသည် အောက်တိုဘာ ၂၂ ရက်က ရာဖာနယ်စပ်ဂိတ် အီဂျစ်ဘက်အခြမ်းမှ ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခဲ့သည်။ ၎င်းမှာ အောက်တိုဘာ ၂၁ ရက်မှစ၍ ဒုတိယအသုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ရာဖာနယ်စပ်မှ ဂါဇာသို့ ပို့ဆောင်ခြင်း ဖြစ်သည်။

ယခုအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် အစားအစာ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ သောက်သုံးရေ၊ ခြုံစောင်၊ အင်္ကျီစသည်တို့ ပါဝင်ပြီး အီဂျစ်လခြမ်းနီအသင်း စသည့် ဌာနများက လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို ဂါဇာရှိ ကုလသမဂ္ဂ၊ ပါလက်စတိုင်းလခြမ်းနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ဝန်ထမ်းများထံ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် “Egyptian Food Bank”၏ စေတနာ့ဝန်ထမ်း Ra’ed el-Gebaly က ရာဖာနယ်စပ် အီဂျစ်ဘက်အခြမ်းတွင် ဆင်ဟွာမှဖုန်းဖြင့် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုတွင် ရုံးချုပ်ရှိသည့် အရပ်ဘက်အဖွဲ့အစည်း Life Makers Foundation တာဝန်ခံ Abdel-Rahman Habat က ယခု ကူညီကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများက ဂါဇာ၌ ပိတ်မိနေသည့် သန်းနှင့်ချီရှိသောလူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် များစွာလိုအပ်နေကြောင်း၊ ယင်းနေရာရှိ ပြည်သူလူထုအနေဖြင့် လွန်စွာ ကျပ်တည်းနေရာ အခြေခံ လူသုံးကုန်ပစ္စည်း လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေးနှင့် ပါလက်စတိုင်းအကြား စစ်ရေးပဋိပက္ခသစ်များ ဖြစ်ပွားခဲ့ရာတွင် လူပေါင်းများစွာ သေဆုံးဒဏ်ရာရခဲ့သည်။ အောက်တိုဘာ ၂၁ ရက်တွင် ပထမအသုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းတင်ဆောင်ထားသည့် ထရပ်ကား အစီး ၂၀ သည် ရာဖာနယ်စပ် အီဂျစ်ဘက်အခြမ်းမှ ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ခဲ့သည်။

အီဂျစ် El Arish လေဆိပ်နှင့် ရာဖာနယ်စပ်ဂိတ်သည် “ဂါဇာပြည်သူများ၏အသက်ရှင်သန်ရာလမ်း” ဖြစ်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အကန့်အသတ်မရှိ ဂါဇာသို့ ဝင်ရောက်ရန် ချက်ချင်း ခွင့်ပြုသင့်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(Chinese Version)
第二批人道救援物资从拉法口岸进入加沙地带
【解说】17辆装载人道救援物资的卡车22日从拉法口岸埃及一侧进入加沙地带。这是21日以来第二批人道救援物资从拉法口岸运往加沙地带。
埃及非政府组织“埃及食品银行”志愿者拉伊德•贾巴利在拉法口岸埃及一侧接受新华社记者电话采访时说,这批救援物资由埃及红新月会等机构捐赠,包括食品、医疗用品、水、毯子、衣服等,将交付给加沙地带的联合国、巴勒斯坦红新月会、红十字国际委员会的工作人员。
总部位于埃及首都开罗的民间组织“生活创造者基金会”负责人阿卜杜勒-拉赫曼•哈巴特对新华社记者说,这些救援物资远不能满足被困在加沙地带的几百万人的需求,那里的民众处境非常困难,缺乏基本生活必需品。
以色列和巴勒斯坦本月7日以来爆发新一轮军事冲突,造成大量人员伤亡。21日,首批20辆装载人道救援物资的卡车从拉法口岸埃及一侧进入加沙地带。
联合国秘书长古特雷斯19日表示,埃及阿里什机场和拉法口岸是“加沙人民的生命线”,应立即允许人道主义援助不受限制进入加沙地带。
新华社记者姚兵、杨依然、余福卿 开罗报道。(完)