Connect with us

Media

ရှန်ဟိုင်းမြို့၏ ပထမဆုံးမောင်းသူမဲ့ ယာဉ်စမ်းသပ်ပြေးဆွဲရေးလမ်းကြောင်းအားစတင်အသုံးပြု

ရှန်ဟိုင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းမြို့၏ ပထမဆုံး မောင်းသူမဲ့ယာဉ် စမ်းသပ်ပြေးဆွဲရေးလမ်းကြောင်းကို ပင်လယ်ကူး တံတားကြီးတစ်စင်းပေါ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်(တနင်္လာနေ့)တွင် စတင်အသုံးပြုခဲ့သည်။

အဝေးပြေးလမ်းမကြီးပေါ်တွင် စမတ်နည်းပညာသုံးဝန်အားမြင့် ထရပ်ကားကြီးများ စမ်းသပ်ပြေးဆွဲမှုကို Donghai တံတားပေါ်တွင် စတင်ခဲ့သည်။

အရှည် ကီလိုမီတာ ၃၀ ရှိသည့်တံတားကြီးသည် စုစုပေါင်း ၆ လမ်းမောင်း တံတားကြီးဖြစ်သည်။ ကြားရက်များတွင် မနက် ၁၀ နာရီမှ နေ့လည် ၁ နာရီ အထိ လားရာ နှစ်ဘက်သွား အစွန်ဆုံးလမ်းများကို စမ်းသပ်မောင်းနှင်ပြေးဆွဲမည့်လမ်းများအဖြစ်သတ်မှတ်ထားသည်။

အထွေထွေမန်နေဂျာ လီကျုုံရှင်း က “ဒါက ယာဉ်မောင်းတွေကို လျှော့ချဖို့ ဖြစ်ပေါ်လာတဲ့ ဖိအားအခြေအနေကို စစ်ဆေးတဲ့အဆင့် ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ယာဉ်တွေပေါ်မှာ လုံခြုံရေးဝန်ထမ်းတွေလိုက်ပါလာမှာပါ။ မြို့က ကျွမ်းကျင်သူအဖွဲ့ရဲ့သတ်မှတ်ချက်တွေနဲ့ စောင့်ကြည့်လေ့လာရေးဆိုင်ရာတတိယအဖွဲ့အစည်း အေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်အရ ကျွန်တော်တို့ဟာ စမ်းသပ်မောင်းနှင်မှုကို ကီလိုမီတာ ၁,၅၀၀ အတွင်းဖြတ်သန်းမောင်းနှင်ရမှာပါ” ဟုပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက 5G ကွန်ရက်နည်းပညာဖြင့်ထောက်ပံ့ပေးထားသည့်ဝန်အားမြင့် စမတ်နည်းပညာသုံးထရပ်ကားကြီးများတွင် အဆင့်သတ်မှတ်ချက် L4 မောင်းသူမဲ့နည်းပညာကိုအခြေခံထားပြီး Donghai တံတားတွင် သတ်မှတ်အကွာအဝေးအလိုက်စမ်းသပ်မောင်းနှင်ခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်အထိ အဆိုပါ ထရပ်ကားများသည် ကီလိုမီတာပေါင်း ၂.၆ သန်း ကျော်ကို ဘေးကင်းစွာမောင်းနှင်ခဲ့ပြီးဖြစ်သည်။

လက်ထောက်အထွေထွေမန်နေဂျာ ကျန်းရှန်းဟုန် က “ ကျွန်တော်တို့မှာ တိကျတဲ့ လမ်းပိုင်းဆိုင်ရာ စမ်းသပ်မှုတွေရှိလာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဘေးအန္တရာယ်တော်တော်များများကို လျှော့ချနိုင်လိုက်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ဟာ စမ်းသပ်လမ်းမှာမောင်းနှင်နေစဉ် အခြားယာဉ်တွေဆီကလွင့်စင်လာမယ့် အရာဝတ္တုတွေကိုရှောင်ရှားနိုင်မှာပါ၊ တကယ်တော့ စမ်းသပ်လမ်းကြောတွေက လုံခြုံရေးဝန်ထမ်းတွေကို ဖယ်ရှားရာမှာ အထောက်အကူပြုနိုင်ပါတယ်” ဟုဆိုသည်။ (Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.