Connect with us

Media

ယန်ဇီမြစ်ဖြတ်ကျော် ကမ္ဘာ့အမြင့်ဆုံးလျှပ်စစ်ဓါတ်အားပေးတာဝါတိုင်ကို ဝါယာကြိုးများစတင်သွယ်တန်းပြီဖြစ်

နန်ကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်ပြီး အမြင့် မီတာ ၃၈၅ အသီးသီးရှိသည့် လျှပ်စစ်ဓါတ်အားပေးတာဝါတိုင်ကြီး နှစ်ခုအား  ဝါယာကြိုးသွယ်တန်းမှုကို ဇွန်လ ၂ ရက်က စတင်ခဲ့သည်။ ယင်းတာဝါတိုင်များသည် အာရှတိုက်ရှိ အရှည်ဆုံးမြစ်ကြီးတစ်စင်းဖြစ်သည့် ယန်ဇီမြစ်ကြီးပေါ်မှ ဖြတ်သန်းကာ တည်ဆောက်ထားခြင်း ဖြစ်သည်။

တာဝါတိုင်ကြီးနှစ်ခုကို တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် အရှေ့ပိုင်းရှိ ယန်ဇီမြစ်၏ တစ်ဖက်စီတွင် တည်ဆောက်ထားပြီး ၎င်းတို့သည် မြစ်အားဖြတ်သန်းကာ ပို့လွှတ်နေသည့် ကီလိုဗို့အား ၅၀၀ ရှိ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးစီမံကိန်းအတွက် အရေးကြီးသည့်တာဝါတိုင်များဖြစ်သည်။

တန်ပေါင်း ၄၁၀ ခန့် အလေးချိန်ရှိသည့် လျှပ်စစ်ဝါယာကြိုးပေါင်း ၂၄ ခု အား ၂ ကီလိုမီတာအကျယ်ရှိမြစ်ကမ်းပါး များအား ဖြတ်ကျော်ကာသွယ်တန်းမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ သွားလာမှုအများဆုံးရေလမ်းကြောင်း အပေါ်တွင်တပ်ဆင်သွယ်တန်းမည်ဖြစ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူ Chen Songtao က ဆိုသည်။ သွယ်တန်းတည်ဆောက်မှုလုပ်ငန်းစဉ်အတွင်း ရေကြောင်းသွားလာမှု ထိန်းချုပ်ရေးကို ထည့်သွင်းကာ ဘေးကင်းလုံခြုံရေး အစီအမံများကိုလည်း ဆောင်ရွက်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

၅၀၀ ကီလိုဗို့ လျှပ်စစ်သွယ်တန်းရေးစီမံကိန်းသည် ယခုနှစ် ဇူလိုင်လတွင် အပြီးသတ်နိုင်မည်ဖြစ်သည်။ စီမံကိန်းစတင်ပါက ၎င်းမှ လေစွမ်းအင်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ယန်ဇီမြစ်မြောက်ဘက်မှ တောင်ဘက်သို့ ပို့လွှတ်မည်ဖြစ်ရာ အိမ်ထောင်စုပေါင်း ၈သန်းခန့်ထံ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန် လျာထားကြောင်း သိရသည်။ (Xinhua)

…………………………

(English Version)

GLOBALink | World’s tallest power transmission tower wired across Yangtze River

NANJING, June 2 (Xinhua) — Two 385-meter-tall power transmission towers, the tallest of their kind in the world, began the wiring process on Thursday across the Yangtze River, the longest river in Asia.

The twin towers built on each side of the Yangtze in eastern China’s Jiangsu Province are crucial to the 500-kV power transmission project spanning the river. It is one of the most technically difficult cross-river network transmission projects in China, according to the State Grid Jiangsu Electric Power Co., Ltd.

Twenty-four electricity wires weighing about 410 tonnes will stretch across the 2-km-wide river banks and be installed high above China’s busiest waterway, said Chen Songtao of the company, adding that water traffic control will be implemented to ensure the safety standards during construction.

The 500-kV power transmission project is expected to be completed in July this year. Once operational, it will send renewable energy like wind power from the north of the Yangtze to the south, aiming to supply electricity for 8 million households.

 

Produced by Xinhua Global Service