Connect with us

Media

လုံမန်ကျောက်ဂူရှိ ဗုဒ္ဓရုပ်ပွားတော်များတွင် ရွှေနှင့်ဖန်သတ္တု အကြွင်းအကျန်များ တွေ့ရှိ

ကျိန့်ကျိုး၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် UNESCO ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လုံမန်ကျောက်လိုဏ်ဂူရှိ ဗုဒ္ဓရုပ်ပွားတော်များပေါ်၌ ရွှေ ၊ငွေသတ္တုများ နှင့် အရောင်အသွေးစုံသည့် ဖန်သတ္တုများကို ရှေးဟောင်းသုတေသီများက တွေ့ရှိခဲ့ကြသည်။

ရှေးဟောင်းသုတေသနဆိုင်ရာနှင့် သိပ္ပံနည်းကျ အောင်မြင်မှုများအဖြစ် အဆိုပါ တွေ့ရှိမှုများသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့သည့် လုံမန် လိုဏ်ဂူရှိ ဖုန့်ရှန်းဘုရားကျောင်း၏ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လုံမန်လိုဏ်ဂူများသုတေသနပြုလုပ်ရေး အင်စတီကျု့က ဆိုသည်။

ခေတ်မီနည်းပညာများကိုအခြေခံကာ လေ့လာမှုပြုလုပ်ရာတွင် ရှေးဟောင်းသုတေသီများသည် ထန်မင်းဆက် (၆၁၈-၉၀၇) တွင် တည်ထားခဲ့သည့် ဧရာမ ရုပ်ပွားတော်ကြီး ဖြစ်သည့် Vairocana ဗုဒ္ဓရုပ်ပွားတော် ၏ မျက်နှာတော်တွင်ရွှေရောင်နှင့်ငွေရောင် သတ္တုများကိုတွေ့ရှိခဲ့ကြသည်။

“Vairocana ဗုဒ္ဓရုပ်ပွားတော်ကြီးကို တည်ထားစဉ်က ရွှေသင်္ကန်းကပ်သည့် အနုလက်ရာကို သုံးခဲ့ဟန်ရှိကြောင်း” လုံမန်ကျောက်လိုဏ်ဂူ သုတေသနဌာန ဌာနမှူး စီကျားကျန်းက ဆိုသည်။

Vairocana ဗုဒ္ဓရုပ်ပွားတော်၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်၊ အနီရောင်နှင့်အနက်ရောင်စသည့် ရောင်စုံ ဆေးရောင်ကြွင်းကျန်ရစ်မှုများကို ရှေးဟောင်းသုတေသီများက တွေ့ရှိရာ ၎င်း၏လက်ရာမှာ ထန်မင်းဆက်ခေတ်တွင် သင်္ကန်းအဖြစ် ဆေးခြယ် တည်ထားကိုးကွယ်ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

ထို့အပြင် Vairocana ဗုဒ္ဓရုပ်ပွားတော်အား ဝန်းရံထားသော လက်ယာဘက်ရှိ ဘုရားလောင်းရုပ်တုတော်၏ မျက်လုံးတွင်လည်း ဆီလီကာနှင့် ခဲပါဝင်သော ရှေးဟောင်း ဖန်လုံးသဏ္ဍာန် စဉ့်သားဖြင့် ပြုလုပ်ထားသော မျက်ဆံတော်ကို တွေ့ရှိရပြီး မျဉ်းကွေးသဏ္ဍာန်ရှိသော မျက်ဆံတော်၏အထူသည် ၀.၅ စင်တီမီတာခန့် ရှိသည်။

“သန့်စင်လိုက်တော့ မျက်ဆံတော်ရဲ့အရောင်က စိမ်းညိုရောင်၊ အရည်အသွေးတစ်ပြေးညီဖြစ်ပြီး အရောင်တောက်လာတာကို တွေ့ရတယ်” ဟု လုံမန် ကျောက်လိုဏ်ဂူ သုတေသနဌာန ကျောက်လိုဏ်ဂူထိန်းသိမ်းရေး သုတေသနစင်တာ ညွှန်ကြားရေးမှု မာကျောင်းလုံက ပြောသည်။

“ယခုကဲ့သို့ တွေ့ရှိရခြင်းက လုံမန်ကျောက်လိုဏ်ဂူ ဖုန့်ရှန်းဘုရားကျောင်း ရုပ်တုတော်တွေရဲ့ အပြင်အဆင်ထူးခြားချက်၊ တည်ထားတဲ့ လက်ရာနဲ့ သမိုင်းကို ထိန်းသိမ်းရာမှာ အဓိပ္ပါယ်လေးနက်မှု ရှိတယ်”ဟု စီကျားကျန်းက ပြောသည်။(Xinhua)

………………………………………..

(English Version)

GLOBALink | Gold, colored glass found on Buddhist statues in Longmen Grottoes

ZHENGZHOU, June 2 (Xinhua) –Archaeologists have found gold and silver elements and colored glass on Buddhist statues at the Longmen Grottoes, a UNESCO World Heritage site, in central China’s Henan Province.

The findings, among other scientific and archaeological achievements, have been made since a reinforcement and protection project of the Fengxiansi Cave of Longmen Grottoes was launched in December 2021, said the Longmen Grottoes research institute.

Based on advanced technologies, archaeologists found gold and silver elements on the face of Vairocana Buddha, a giant statue that was built in the Tang Dynasty (618-907).

“It suggests that skills such as gilding had probably been used in the construction of the Vairocana Buddha,” said Shi Jiazhen, president of the institute.

On the body surface of the giant Buddha, archaeologists also found the remains of green, red, black and other colored pigments, indicating that the statue was probably “wearing colorful clothes” at that time.

Moreover, colored glass eyeballs made of silica and lead were discovered on a Bodhisattva statue to the right side of the Vairocana Buddha. The eyeballs are arc-shaped and about 0.5 centimeters in thickness.

“The glass showed dark green after cleaning, which was rare during the Tang Dynasty,” said Ma Chaolong, an official of the institute.

“The new findings are of great significance to the study of decoration characteristics, workmanship and preservation of statues in Fengxiansi Cave,” Shi added.

 

Produced by Xinhua Global Service