Media
တူရကီနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ထားသည့် ဓာတ်အားပေး စက်ရုံက လျှပ်စစ်ဓာတ်အား ပုံမှန်ထောက်ပံ့လျက်ရှိ
တူရကီ ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)
လွန်ခဲ့သည့် သီတင်းပတ်က တူရကီနိုင်ငံ၌ အကြီးအကျယ် ပျက်စီးစေခဲ့သော မြေငလျင်များ လှုပ်ခတ်ခဲ့ပြီးနောက် တူရကီနိုင်ငံတောင်ပိုင်း Adana ပြည်နယ်ရှိ တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ထားသည့် အပူဓာတ်အားပေး စက်ရုံတစ်ရုံ ဖြစ်သည့် Emba Hunutlu ဓာတ်အားပေးစက်ရုံက လျှပ်စစ်ဓာတ်အားများ ပုံမှန် ထောက်ပံ့ပေးလျက် ရှိနေကြောင်း သိရသည်။
မြေငလျင်ကြီးများ လှုပ်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်မှု ကြုံတွေ့နေရချိန်တွင် ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၁၁၀ အကွာတွင် တည်ရှိသော Emba Hunutlu ဓာတ်အားပေးစက်ရုံသည် ငလျင်ဒဏ်သင့်ဧရိယာများရှိ ပြည်သူ ၄ သန်းဝန်းကျင်အတွက် လျှပ်စစ်ဓာတ်အား ဆက်လက်ပေးပို့ခဲ့ကြောင်း သိရသည်။
၁,၃၂၀ မဂ္ဂါဝပ်စီမံကိန်းသည် အပြည့်အဝလည်ပတ်မှုပေါ်မူတည်၍ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၉ ဘီလီယံ ထုတ်လုပ်နိုင်စွမ်း ရှိကြောင်း သိရသည်။ယင်းမှာ တူရကီနိုင်ငံ၏ ပထမဆုံး stackless ဓာတ်အားပေးစက်ရုံ ဖြစ်ပြီး တူရကီနိုင်ငံ၌ တရုတ်နိုင်ငံ၏ အကြီးမားဆုံး တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………….
(English Version)
China-financed power plant supplies electricity steadily for quake-hit regions in Türkiye
The Emba Hunutlu power plant, a China-financed thermal power plant in south Türkiye’s Adana Province, has been supplying electricity steadily following devastating earthquakes that struck the region last week.
Facing a severe power shortage from the massive earthquakes, the Emba Hunutlu power plant, which is located around 110 km away from the epicenter, has sustained electricity supply for around 4 million people in the quake-affected areas.
The 1,320-MW project has a capacity of generating 9 billion kilowatt-hours of power annually upon full operation.
It’s the country’s first stackless power plant and represents China’s largest-ever direct investment in Türkiye.
Xinhua News Agency correspondents reporting from Adana, Türkiye.
(XHTV)