Connect with us

Media

တရုတ်ကယ်ဆယ်ရေးအဖွဲ့က တူရကီနိုင်ငံတွင် ငလျင်ဒဏ်ခံစားရသူများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်း

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က တူရကီနိုင်ငံ ငလျင်ဒဏ်သင့်ဇုန်တွင် ၎င်းတို့၏ မစ်ရှင်မှာ ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) က ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အဖွဲ့ဝင် ၈၂ ဦးပါဝင်သော ကယ်ဆယ်ရေးအဖွဲ့သည် ၎င်းတို့ပြန်လည်မထွက်ခွာမီ တူရကီနိုင်ငံ တောင်ပိုင်းရှိ ပြည်နယ် ၁၀ ခုနီးပါး ပျက်စီးခဲ့သည့် ကြောက်မက်ဖွယ် ငလျင်နှစ်ခုမှ အသက်ရှင်လွတ်မြောက်လာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းပစ္စည်းများထဲတွင် အစားအသောက်၊ ရေ၊ သန့်ရှင်းရေးသုံးကိရိယာများ၊ အဝတ်အစားများ၊ ခြုံစောင်များနှင့် ယာယီတဲကြီးများ ပါဝင်သည်။
ထောက်ပံ့ပစ္စည်းလှူဒါန်းခြင်း အခမ်းအနားငယ်လေးကို ငလျင်ဒဏ်အဆိုးဝါးဆုံးခံစားရသော Hatay ပြည်နယ် Antakya ခရိုင်ရှိ ကယ်ဆယ်ရေးအဖွဲ့စခန်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။တရုတ်ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က ထောက်ပံ့ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (AFAD) တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။ တရုတ်နှင့် တူရကီ တာဝန်ရှိသူများက လိုအပ်သော စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးကာ လက်ဆွဲနှုတ်ခဲ့ကြသည်။
“တရုတ်ကယ်ဆယ်ရေးအဖွဲ့က အဝေးကြီးကနေ ကျွန်တော်တို့ကို ကူညီဖို့ ရောက်လာခဲ့တယ်။ ကျွန်တော်တို့ရဲ့ နာကျင်မှုကို မျှဝေခံယူပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” ဟု AFAD တာဝန်ရှိသူက ဆိုသည်။

တရုတ်နိုင်ငံ၏ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့သည် ကယ်ဆယ်ရေးခွေးများနှင့် ငလျင်အပျက်အစီးများကြား အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရေးကိရိယာများ အပါအဝင် ကယ်ဆယ်ရေး၊ ဆက်သွယ်ရေးနှင့် ဆေးဘက်ဆိုင်ရာကိရိယာများ တန်ချိန် ၂၀ ကျော်နှင့်အတူ တူရကီနိုင်ငံသို့ ဖေဖော်ဝါရီ ၈ ရက်က ရောက်ရှိလာခဲ့သည်။
အဆိုပါအဖွဲ့သည် သီတင်းပတ်တစ်ပတ်အတွင်း အပျက်အစီးများကြား အသက်ရှင်ကျန်ရစ်သူ ၆ ဦးကို ကယ်တင်နိုင်ခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Chinese rescue team donates supplies to quake survivors in Türkiye
“China’s search and rescue team completed its mission in Türkiye’s earthquake zone on Thursday. Before their departure, the 82-member team donated relief supplies to the survivors of the deadly twin earthquakes that devasted almost 10 provinces in the southern part of Türkiye last week.
Foodstuffs, water, hygienic materials, clothes, blankets, and 12 big tents were among the donation.
A small handover ceremony was held in the camp of the team in the Antakya district of the Hatay province, the worst-hit region. The Chinese team leader provided detailed information about the supplies to the officials of the Disaster and Emergency Management Authority (AFAD). The Chinese and Turkish sides later signed the required papers and shook hands.
The AFAD officer said, ‘The Chinese team came from far away and helped us. Thank you very much for sharing our pain.’
China’s search and rescue team arrived in Türkiye on Feb. 8 with four rescue dogs and over 20 tonnes of rescue, communication, and medical equipment, including life detectors that probe the rubble for signs of lives.
The team has pulled out six survivors from the rubble in a week.”