Connect with us

Media

တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တူရကီမှ ပြန်လည် ထွက်ခွါ

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် တူရကီနိုင်ငံ ငလျင်သင့်ဇုန်၌ ၎င်းတို့၏မစ်ရှင်များပြီးဆုံးပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်(ကြာသပတေးနေ့)က တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။
အဆိုပါကယ်ဆယ်ရေးအဖွဲ့သည် ပြီးခဲ့သည့်ရက်သတ္တပတ်က ငလျင်ကြောင့် ပျက်စီးခဲ့သော Hatayပြည်နယ်မှ ဒေသစံတော်ချိန် ၁၂ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့၏စောင့်ရှောက်မှုဖြင့် ပြန်လည်ထွက်ခွါခဲ့သည်။

နှစ်နာရီကြာ ခရီးနှင်ပြီးနောက် Adana လေဆိပ်သို့ရောက်ရှိပြီး တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။
အဖွဲ့ဝင် ၈၂ ဦးပါဝင်သည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက်တွင် Hatayပြည်နယ် Antakyaဒေသသို့ ရောက်ရှိပြီးနောက် အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူများကို ချက်ချင်းရှာဖွေခဲ့ရာ လူ ၆ ဦးကို ကူညီကယ်ဆယ်နိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် တူရကီအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရ စေလွှတ်သော တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ပေကျင်းမြို့မှ တူရကီနိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

………………………………..

(English Version)

GLOBALink | China Search and Rescue Team departs Türkiye
ISTANBUL, Feb. 17 (Xinhua) — The China Search and Rescue Team has completed its mission in Türkiye’s earthquake zone, and set out to return to China on Thursday.
Escorted by gendarmerie units, the team departed from Hatay province, which was devastated by earthquakes last week, at 12:30 local time (0930 GMT).
After a two-hour-long journey by road, the team boarded a plane at Adana Airport and flew to China.
The 82-member team arrived in Hatay’s Antakya district on Feb. 8 and immediately started working on the ruins to find survivors. They helped pull six people in total out of the rubble.
At the request of the Turkish government, the China Search and Rescue Team dispatched by the Chinese government, departed from Beijing for Türkiye after the latter was hit by massive earthquakes on Feb. 6.
Produced by Xinhua Global Service