Connect with us

Media

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ရေဘေးကြောင့် သေဆုံးသူ ၃၃ ဦး၊ ပျောက်ဆုံးနေသူ ၁၈ ဦး နှင့် ကူညီကယ်ဆယ်ရေး၌ အသက်ပေးလိုက်ရသူ ၅ ဦး ရှိခဲ့

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဩဂုတ် ၈ ရက် ည ၁၂ နာရီအထိ ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၃၃ ဦးရှိရာ အဓိကအားဖြင့် ရေကြီးရေလျှံဖြစ်၍ ရေနစ်မြုပ်ခြင်း၊ နေအိမ်ပြိုကျခြင်းတို့ကြောင့် လူသေဆုံးရခြင်း ဖြစ်ကြောင်း ပေကျင်းမြို့ကော်မတီ အမြဲတမ်းကော်မတီဝင်၊ ပေကျင်းမြို့အစိုးရ ဒုတိယမြို့တော်ဝန် ရှလျင်မောက်က ဩဂုတ် ၉ ရက်တွင် ကျင်းပသည့် ပေကျင်းမြို့ ရေဘေးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေး နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အန္တရာယ်များကြားမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် လူ ၅ ဦး အသက်ပေးလိုက်ရကြောင်း၊ လူ ၁၈ ဦး ပျောက်ဆုံးနေပြီး ၎င်းတို့အနက် ၁ ဦးမှာ ကူညီကယ်ဆယ်ရေးသမား ဖြစ်ကြောင်း သိရသည်။

တိုင်ဖွန်း “Doksuri”၏ သက်ရောက်မှုကြောင့် ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၂ ရက်အထိ ပေကျင်းမြို့တွင် အလွန်အမင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ဖြစ်သည်။ (Xinhua)

………………………………..
(Chinese Version)
北京此轮强降雨因灾死亡33人
新华社北京8月9日电(记者赵旭、田晨旭)在9日举行的北京市防汛救灾工作情况新闻发布会上,北京市委常委、市政府常务副市长夏林茂介绍,截至8月8日24时,北京市因灾死亡33人,主要由洪水冲淹、冲塌房屋等原因造成;因抢险救援牺牲5人。还有18人失踪,包括1名抢险救援人员。
受台风“杜苏芮”影响,7月29日至8月2日,北京遭遇了特大暴雨灾害。(完)