Connect with us

Media

မြန်မာကျောင်းသား/ကျောင်းသူ ၁၀၀ကျော် တရုတ်ကုမ္ပဏီမှ ပေးအပ်သော ပညာသင်ဆုနှင့် ထူးချွန်ဆုများ ရရှိ

နေပြည်တော်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၂ ဦးအား တရုတ်ကုမ္ပဏီမှ ချီးမြှင့်သော ပညာသင်ဆုနှင့် ထူးချွန်ဆုများ ပေးအပ်ခြင်းအခမ်းအနားကို ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ဆုများလက်ခံရရှိခဲ့သည့် ဘွဲ့လွန်ကျောင်းသား ၃၀ ဦးနှင့် ဘွဲ့ကြိုကျောင်းသား ၁၀၂ ဦးတို့သည် နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (YAU) တွင် ပညာသင်ဆုများ လက်ခံရယူခဲ့ကြကြောင်းသိရသည်။

YAU တက္ကသိုလ်မှ စိုက်ပျိုးရေးကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ဆုနှင့် ထူးချွန်ဆုများပေးအပ်ခြင်းဆိုင်ရာ ပညာသင်ဆု သဘောတူညီစာချုပ်ကို YAU နှင့် Yuntianhua Group Co., Ltd. တို့က ဩဂုတ် ၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)