Connect with us

Media

အာဖဂန်ယာယီအစိုးရက တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို အလွန်အလေးထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

ကဘူးလ် ၊ ဩဂုတ် ၁၅ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ယာယီအစိုးရအနေဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အလွန် အလေးထားကြောင်း နှင့် အာဖဂန်အရေးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကိုလည်း ကျေးဇူးတင်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဇာဘီဟူလာ မူဂျာဟစ်က ပြောခဲ့သည်။

“တရုတ်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အလွန်ပဲအရေးကြီးပါတယ်။ ပြီးတော့ ကျွန်တော်တို့ အထူးအလေးထားပါတယ်။ အထူးသဖြင့် စီးပွားရေးနဲ့ သံတမန်ရေးကဏ္ဍတွေမှာပေါ့။ တရုတ်နိုင်ငံက ကမ္ဘာ့စင်မြင့်ပေါ်မှာ အာဖဂန်ပြည်သူတွေရဲ့ အသံတွေကြားသိနိုင်စေဖို့ ကူညီပေးခဲ့တယ်”ဟု မူဂျာဟစ်က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းသွားပြီးနောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်ပွားနိုင်သည့်အခြေအနေကို ကာကွယ်ရန် တရုတ်နိုင်ငံက အာဖဂန်နစ္စတန်အား စားသောက်ကုန်များနှင့် ဆောင်းရာသီအဝတ်အထည်များ အပါအဝင် အမေရိကန်ဒေါ်လာ သန်းနှင့်ချီသော အရေးပေါ်အကူအညီများ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Afghan caretaker gov’t attaches great importance to ties with China: spokesman
The Afghan caretaker government attaches great importance to ties with neighboring China and appreciates China’s role in the Afghan issue, the administration’s chief spokesman Zabihullah Mujahid said.
SOUNDBITE 1 (Dari): ZABIHULLAH MUJAHID, Spokesman of Afghan caretaker gov’t
“Our relationship with China is very important, and we attach great importance to it, especially in the economic and diplomatic sectors. China has helped the voice of Afghan people heard on the world stage.”
To help prevent a possible humanitarian catastrophe, China has provided millions of U.S. dollars in emergency aid to Afghanistan, including food supplies and winter clothes, after U.S.-led coalition forces withdrew from Afghanistan.
Xinhua News Agency correspondents reporting from Kabul.(XHTV)