Connect with us

Media

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်တွင် သန့်စင်စွမ်းအင်က ပထမဆုံးအကြိမ်အဖြစ် ကျောက်မီးသွေးကို ကျော်လွန်သွား

ဟန်ကျိုး၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် သန့်စင်စွမ်းအင် တပ်ဆင်မှုမှာ ဇူလိုင်လကုန်အထိ ကီလိုဝပ် ၅၇.၅၁ သန်းအထိ ရောက်ရှိလာခဲ့ရာ ပထမဆုံးအကြိမ်အဖြစ် ကျောက်မီးသွေးစွမ်းအင်ယူနစ်များကို ကျော်လွန်သွားခဲ့ကြောင်း State Grid Zhejiang Electric Power ကုမ္ပဏီလီမိတက်၏ နောက်ဆုံးရအချက်အလက်များအရ သိရသည်။

ကျဲ့ကျန်းပြည်နယ်ရှိ စုစုပေါင်း တပ်ဆင်စွမ်းအင်၌ သန့်စင်စွမ်းအင်က ၄၆ ရာခိုင်နှုန်း၊ ကျောက်မီးသွေးစွမ်းအင်က ၄၀.၁ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့စွမ်းအင်က ၁၀.၇ ရာခိုင်နှုန်းနှင့် ကျန်ရှိသော ၃.၂ ရာခိုင်နှုန်းမှာ အခြားအရင်းအမြစ်များမှ ဖြစ်ကြောင်း ကုမ္ပဏီ၏ အချက်အလက်များအရ သိရသည်။

အဆိုပါ ပြည်နယ်တွင် မကြာသေးမီနှစ်များအတွင်း လေအားလျှပ်စစ်၊ ဆိုလာစွမ်းအင်နှင့် နျူကလီးယားစွမ်းအင် အသုံးပြုမှု တိုးချဲ့လာခြင်းဖြင့် သန့်စင်စွမ်းအင်အပေါ် လက်ခံမှု မြင့်တက်လာခဲ့ပြီး ကျောက်မီးသွေးအပေါ် မှီခိုမှု လျှော့ချလျက်ရှိသည်။

သန့်စင်စွမ်းအင် တပ်ဆင်အသုံးပြုမှု မြင့်တက်ခြင်းသည် နေရောင်ခြည်စွမ်းအင်၊ စွမ်းအင်ဘက်ထရီများနှင့် စွမ်းအင်သစ်မော်တော်ယာဉ်များ (NEVs) ကဲ့သို့ ထွန်းသစ်စစက်မှုလုပ်ငန်းများထံ အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းပေးလျက်ရှိသည်။

ကျဲ့ကျန်းပြည်နယ်တစ်ခွင် အားသွင်းတိုင် အရေအတွက် ၁ သန်းနီးပါး တပ်ဆင်ထားပြီးဖြစ်ကြောင်း ယခင် အချက်အလက်များ၌ ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်မတိုင်မီ NEVs အစီးရေ ၄ သန်းကျော်၏ အားသွင်းမှုလိုအပ်ချက်နှင့် ကိုက်ညီစေရန် အားသွင်းတိုင် ၂.၃ သန်းကျော် တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Clean energy overtakes coal for first time in China’s Zhejiang
HANGZHOU, Aug. 28 (Xinhua) — As of the end of July, the installed capacity of clean energy in east China’s Zhejiang Province reached 57.51 million kilowatts, surpassing that of coal power units for the first time, according to the latest data from State Grid Zhejiang Electric Power Co., Ltd.
Of the total installed power capacity of Zhejiang, clean energy accounted for 46 percent, coal 40.1 percent, natural gas power 10.7 percent, and the remaining 3.2 percent held by other sources, according to the company.
In recent years, the province has promoted the adoption of clean energy by expanding the use of wind power, solar energy and nuclear energy, among other initiatives, thereby reducing the reliance on coal.
The rise in the share of installed capacity of clean energy has brought new opportunities to emerging industries such as photovoltaics, power batteries and new-energy vehicles (NEVs).
Previous data showed that nearly 1 million charging poles had been installed across the province. It plans to build more than 2.3 million charging poles by 2025 to meet the charging demand of over 4 million NEVs.
Photo 1: This aerial photo taken on Aug. 17, 2023 shows the construction site of a photovoltaic project in Taizhou City, east China’s Zhejiang Province. (Photo by Duan Junli/Xinhua)