Connect with us

Media

ရေလက်ကြားဖြတ်ကျော် ခရီးသွားများအနေဖြင့် နိုင်ငံအတွင်းမဝင်မီ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရန် မလိုအပ်တော့

ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသမှ တိုက်ရိုက်သော်လည်းကောင်း၊ ထိုင်ဝမ်မှတစ်ဆင့် ဖြတ်သန်း၍သော်လည်းကောင်း တရုတ်နိုင်ငံ ပြည်မကြီးသို့ ခရီးသွားလာသူများအနေဖြင့် ဩဂုတ် ၃၀ ရက်မှစ၍ နိုင်ငံအတွင်းမဝင်မီ ကိုဗစ်-၁၉ (COVID-19) ရောဂါစစ်ဆေးမှု nucleic acid or antigen စစ်ဆေးမှု လုပ်ဆောင်ရန် မလိုအပ်တော့ကြောင်း ပြည်မကြီး ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၂၉ ရက်၌ ပြောကြားခဲ့သည်။

နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာ ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က ရေလက်ကြားဖြတ်ကျော် ခရီးသွားလာသူများအတွက် ကိုဗစ်-၁၉ ရောဂါလုပ်ထုံးလုပ်နည်း ချိန်ညှိမှုနှင့် စပ်လျဉ်း၍ မီဒီယာမေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Mainland to drop pre-entry COVID-19 test requirement for cross-Strait travelers
BEIJING, Aug. 29 (Xinhua) — People traveling to the Chinese mainland, either directly from China’s Taiwan region or transiting through Taiwan, will no longer be required to take a pre-entry nucleic acid or antigen test for COVID-19 starting from Aug. 30, according to a mainland spokesperson on Tuesday.
Zhu Fenglian, spokesperson for the State Council Taiwan Affairs Office, made the remarks in response to a media inquiry regarding the adjustment of COVID-19 protocols for cross-Strait travelers.