Connect with us

Media

တရုတ်နိုင်ငံ ပေကျင်း နှင့် ဟဲပေတို့တွင် ပုံမှန်မဟုတ်သောရေကြီးရေလျှံမှု သက်ရောက်မှုများ လျှော့ချရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ပေကျင်း ၊ ဩဂုတ် ၈ ရက်(ဆင်ဟွာ)

တိုင်ဖွန်းမုန်တိုင်း Doksuri သက်ရောက်မှုကြောင့် ပေကျင်းမြို့နှင့်အနီးတစ်ဝိုက်ရှိ ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကာ ပြီးခဲ့သောရက်များအတွင်း ပေကျင်းမြို့ရှိ ခရိုင်တစ်ချို့နှင့် ဟဲပေပြည်နယ်ရှိ ဒေသတစ်ချို့တွင် ပုံမှန်မဟုတ်သော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဟဲပေပြည်နယ်ရှိ ကျောကျိုးမြို့သည် အဆိုးရွားဆုံး ရေကြီးမှုဒဏ်ခံရသည့် နေရာ တစ်ခု ဖြစ်သည်။
ရေကြီးရေလျှံမှုများကြောင့် ဒေသခံအိမ်ထောင်စုတစ်ချို့သည် ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရကြောင်း သိရသည်။

ရေကြီးနစ်မြုပ်မှုဖြစ်ပွားသည့်နေရာများတွင် ရေများသိသိသာသာ ကျဆင်းသွားသောကြောင့် ဒေသခံများသည် နေအိမ်များသို့ ပြန်လည်သွားရောက်နေကြပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒေသခံများက ရောဂါပြန့်ပွားမှုအလားအလာများကို ကာကွယ်ရန် ပတ်ဝန်းကျင်တစ်ဝိုက် ရွှံ့၊သဲများ ဖယ်ရှားခြင်း ၊ ပိုးသတ်ဆေးဖျန်းခြင်းများ လုပ်ကိုင်လျက် ရှိကြကြောင်း သိရသည်။

ပေကျင်းမြို့ ဖောင်ဆန်းခရိုင်၌ ပြန်လည်နေရာချထားရေးနေရာများရှိ ကျေးရွာသားတစ်ချို့သည်လည်း နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
Efforts underway to reduce impacts of anomalous floods in China’s Beijing, Hebei
Due to the impact of Typhoon Doksuri, torrential rains battered Beijing and its surrounding regions, causing anomalous floods in several districts of the capital city and several localities in Hebei Province in the past few days.
Zhuozhou City is one of the worst-affected areas in Hebei.
Some local households had to relocate to safer places due to the floods.
As the water level of the waterlogged areas declines significantly, residents have begun to return home.
Currently, they are busy dredging and disinfecting the surrounding environment to prevent possible disease spread.
In Beijing’s Fangshan District, some villagers at resettlement sites have also returned home.
Xinhua News Agency correspondents reporting from Beijing.
(XHTV)