Connect with us

Media

လူမျိုးစုပေါင်းစုံ အတူယှဉ်တွဲ မီးထွန်းပွဲတော် ရွှေလီမြို့တွင် ကျင်းပ

ရွှေလီ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ တိုင်လူမျိုး ဘုရင့်နန်းတော် ဗုဒ္ဓဘာသာဘုရားကျောင်းတွင် မီးထွန်းဆုတောင်းပွဲ ကျင်းပခဲ့ပါသည်။
ပွဲကျင်းပရာနေရာ၌ လူကြိတ်ကြိတ်တိုးစည်ကားခဲ့သလို မီးအလင်းရောင်များ ထိန်ထိန်လင်းနေခဲ့ပါသည်။ ရွှေလီနှင့် ပတ်ဝန်းကျင်ဒေသများမှ သောင်းနှင့်ချီသော လူမျိုးစု ပြည်သူလူထုနှင့် ခရီးသွားများက ခမ်းနားလှပသော ပွဲတော်အဝတ်အစားများ ဝတ်ဆင်ပြီး ကြာပန်းဆီမီးများကို လက်ခုပ်ပေါ်တင်ခြင်း သို့မဟုတ် မီးထွန်းထားသော ဖယောင်းတိုင်များအား ပုံစံအမျိုးမျိုးထားကာ ပူဇော်ရှိခိုးကန်တော့ကြရာ အေးချမ်းသာယာပြီး မိသားစုများ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းကြပါသည်။

ပွဲတော် အခမ်းအနားတွင် လူအများက ဆီမီးများကို ဖြည်းဖြည်းချင်း အပေါ်ကိုမြှောက်တင်ပြီး ရင်ထဲမှာ ဆုမွန်ကောင်း တောင်းကြခြင်းက လှုပ်ရှားနေသည့်မီးအလင်းရောင်နှင့်အတူ လူတိုင်း၏စိတ်ကို နွေးထွေးစေပါသည်။
ထိုအခိုက်အတန့်မှာ ဆီမီး၏အလင်းရောင်က ညကောင်းကင်ယံကို ထွန်းလင်းသွားစေပြီး ကြယ်စင်အလင်းရောင်နှင့်အပြိုင် လှပလို့နေရာ နယ်စပ်မြို့လေး ရွှေလီက ပျော်ရွှင်ကြည်နူးဖွယ် မင်္ဂလာရှိသောအငွေ့အသက်များဖြင့် ပြည့်ဝလို့နေပါသည်။ (Xinhua)

…………………………..
(Chinese Version)
2024年10月19日晚,位于中国云南省瑞丽市的傣王宫总佛寺,举行点灯节祈福活动。活动现场人山人海,灯火通明,来自瑞丽及周边地区的数万名各族群众以及游客身穿节日盛装,或手捧莲花灯,或将点燃的蜡烛摆放成各种图案或文字,虔诚祈福,祝愿生活美好,家人平安健康。
点灯节仪式上,人们将明灯缓缓举起,默默许下心中的愿望,灯光摇曳,温暖着每一个人的心灵。这一刻,灯光照亮夜空,与星辰交相辉映,边城瑞丽沉浸在一片欢乐吉祥的气氛之中。