Connect with us

Media

အာရှ ဆင်အုပ်စု ရွှေ့ပြောင်းသွားလာစဉ်အတွင်း ဆင်ကလေးတစ်ကောင် မွေးဖွား

ယူနန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျန်းချိန်ခရိုင်မှ နင်အော်ခရိုင် နယ်မြေအတွင်းသို့ တောဆင်ရိုင်း ၂၆ ကောင် ရွှေ့ပြောင်းလာပြီး နင်အော်ခရိုင်တွင် ဆင်ကလေးတစ်ကောင် မွေးဖွားခဲ့ပါသည်။ အဆိုပါဆင်အုပ်သည် စက်တင်ဘာ ၂၆ ရက်က နင်အော်ခရိုင်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဆင်ပေါက်ကလေး ၁၂ ကောင် အပါအဝင် ဆင်အကောင်ရေ ၂၆ ကောင်ရှိကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၃၀ ရက်တွင်မူ အဆိုပါဆင်အုပ်စုသည် ဆင်ကလေးတစ်ကောင် မွေးဖွားခဲ့ရာ ၂၇ ကောင်အထိ ရှိလာခဲ့ကြောင်း သိရသည်။ အာရှတောဆင်ရိုင်းများသည် တရုတ်နိုင်ငံတွင် နိုင်ငံတော်၏ပထမအဆင့် ကာကွယ်စောင့်ရှောက်ထားသော တောရိုင်းတိရစ္ဆာန်များဖြစ်ပြီး ၎င်းဆင်များနှင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဒေသအလိုက် စောင့်ကြည့်ကြိုတင်သတိပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ (Xinhua)
……………………………………..
(Chinese Version)
野生亚洲象组团“串门”期间生下一头象宝宝
近日,26头野生亚洲象从中国云南省江城县迁入宁洱县辖区,并在宁洱县生下一头象宝宝。工作人员说,这些象9月26号来到宁洱县,当时有26头,其中小象有12头。9月30日,一头小象出生,现在象群达到27头。
国家一级保护动物野生亚洲象。为确保人象安全,当地加强了监测预警工作。

象家族添丁